ဘရာဇီးတိုက်စစ်မှူး ရိုနယ်လ်ဒိုရဲ့ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်ပြီး ဘရာဇီးအသင်းအတွက် ဒုတိယသွင်းဂိုးအများဆုံး ကစားသမားဖြစ်လာတဲ့ နေမာ

၁၄ အောက်တိုဘာ

 

ဘရာဇီးတိုက်စစ်မှူး နေမာဟာ  အောက်တိုဘာ ၁၃ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ပီရူးနဲ့ ပွဲစဉ်မှာ   တစ်ဦးတည်း သုံးဂိုး (ဟက်ထရစ်) သွင်းယူနိုင်ခဲ့တာကြောင့် ဘရာဇီးနာမည်ကျော် တိုက်စစ်မှူးဟောင်း ရိုနယ်လ်ဒိုရဲ့ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ဖြစ်သလို  ဘရာဇီးလက်ရွေးစင်အသင်းမှာ နေမာထက် ဂိုးသွင်းများသူဆိုလို့  ဂန္ထဝင်တိုက်စစ်မှူးဟောင်း ပီလီတစ်ဦးသာ ကျန်ရှိပါတော့တယ်။

 

နေမာဟာ ဘရာဇီးအသင်းအတွက် ၁၀၃ပွဲကစားခဲ့ရာမှာ ၆၄ ဂိုးသွင်းယူထားနိုင်တာကြောင့် ရိုနယ်လ်ဒိုရဲ့ ၉၈ပွဲမှာ ၆၂ ဂိုးဆိုတဲ့  စံချိန်ကို ကျော်တက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ပွဲပျမ်းမျှသွင်းဂိုးနှုန်းမှာတော့ ရိုနယ်လ်ဒိုက နေမာထက် အသာရနေဆဲဖြစ်ပါတယ်။ ရိုနယ်လ်ဒိုဟာ အသက် (၁၇)နှစ်နဲ့ ဘရာဇီးလက်ရွေးစင်အဖြစ်ရွေးချယ်ခံခဲ့ရပြီး ကမ္ဘာ့ဖလားဖလားနှစ်ကြိမ်၊ ကိုပါအမေရိကဖလားနှစ်ကြိမ်နဲ့ ကွန်ဖက်ဒရေးရှင်းဖလား တစ်ကြိမ် ရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ပီလီကလည်း ဘရာဇီးအတွက် ၇၇ ဂိုးသွင်းကာ ကမ္ဘာ့ဖလား သုံးကြိမ် ဆွတ်ခူးထားတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နေမာရဲ့ သွင်းဂိုးဟာ တိုက်စစ်မှူးဟောင်း ရိုနယ်လ်ဒိုကို ကျော်ဖြတ်ခဲ့ပြီဆိုပေမယ့်  နိုင်ငံလက်ရွေးစင်အသင်းနဲ့ အောင်မြင်မှုမှာတော့ ရိုနယ်လ်ဒို၊ ပီလီတို့ကို ယှဉ်နိုင်ဖို့ ခက်ခဲနေဆဲပါ။

 

ဘရာဇီးဂန္ထဝင်ဂိုးသမား တက်ဖာရယ်ကတော့  နေမာအနေနဲ့  မကြာမီအချိန်မှာ ဘရာဇီးအတွက် ခြောက်ကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ရေး ကူညီပေးနိုင်မယ်လို့ ယုံကြည်ထားသူပါ။ ဒါ့အပြင် သူက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းသာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့မယ်ဆို  အကောင်းဆုံး ကစားသမားဆုဟာ နေမာအတွက်သာ သေချာပေါက်ဖြစ်လာနိုင်ဖွယ်ရှိပေမယ့် ဒုတိယဆုနဲ့ ကျေနပ်ခဲ့ရတာကြောင့် အကောင်းဆုံးကစားသမားဆုဟာ ဘယ်ကစားသမားအတွက် ဖြစ်မလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်လို့လည်း ဆိုပါတယ်။

 

ဘာသာပြန်-မေလဲ့သင်း