ဘရာဇီးတွင် ဘိုးရင်း ၇၃၇ မက် လေယာဉ်ပြန်လည်ပြေးဆွဲမည်

၁၀ ဒီဇင်ဘာ

ဘရာဇီးလေကြောင်းကုမ္ပဏီက ပြေးဆွဲသည့် လေယာဉ်သည် နှစ်နှစ်နီးပါးအတွင်း ပထမဆုံးပြန်လည်ပျံသန်းသည့် ဘိုးရင်း ၇၃၇ မက် လေယာဉ်ဖြစ်လာသည်။

၂၀၁၉ ခုနှစ် မတ်လ နောက်ပိုင်း ကမ္ဘာတစ်ဝန်းတွင် ဘိုရင်း ၇၃၇ လေယာဉ်များအားလုံး ပျံသန်းမှုရပ်နားခဲ့ရသည်။

ဂိုးလ်လေကြောင်းလိုင်းများသည် ထိုဘိုရင်းလေယာဉ် ပျံသန်းမှုကို ယမန်နေ့က ပြန်လည်လုပ်ဆောင်ခဲ့သည်။

အဆိုပါလေယာဉ်သည် ဘရာဇီးနိုင်ငံ၏ အကြီးမားဆုံးမြို့ဖြစ်သော ဆော်ပေါ်လိုမှ ပါတိုအလီဂီမြို့ သို့ ပျံသန်းခဲ့သည်။

ထိုလေကြောင်းကုမ္ပဏီက ယခုနှစ်ကုန်ပိုင်းတွင် ၎င်း၏ ၇၃၇ မက် လေယာဉ်အားလုံး ပြန်လည်ပျံသန်းမှု လုပ်ဆောင်ရန် စီစဉ်ထားသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာက အင်ဒိုနီးရှားနှင့် အီသီယိုပီးယားတို့တွင် ဘိုရင်း ၇၃၇ လေယာဉ်ဆိုးဆိုးရွားရွားပျက်ကျခဲ့သဖြင့် မတ်လနောက်ပိုင်းတွင် ထိုလေယာဉ်အမျိုးအစားများအားလုံး မြေပြင်တွင် ရပ်နားထားခဲ့သည်။

အမေရိကန် ဖက်ဒရယ်လေကြောင်း ညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာလတွင် လေယာဉ်များ ပြန်လည်ပျံသန်းရန် မီးစိမ်းပြ ခွင့်ပြုပေးခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို