ဘရီးဇက်အရေး ဂျွန်ဆင်နှင့် မေခရွန် ဆွေးနွေး

၂၃ သြဂုတ်


ဘရီးဇက်ကိစ္စနှင့်ပတ်သက်ပြီး ပြင်သစ်နှင့် ဗြိတိန်ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ပတ်သက်ပြီး စေ့စပ်ဆွေးနွေးခြင်းကို  ငြင်းဆိုခဲ့သော်လည်း အလျော့ပေးမှုကြိုးပမ်းရန် သဘောတူညီခဲ့သည်။  


ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ဂျာမဏီသို့ သွားရောက်ပြီးနောက် ယမန်နေ့က ပြင်သစ်သို့ ရောက်ရှိခဲ့သည်။ 


သဘောတူညီချက်ရရှိရန် သဘောတူညီဖွယ်ရှိသည်ဟု ယုံကြည်ကြောင်း မက်ခရွန်က ဂျွန်ဆင်ကို ပြောကြားခဲ့သည်။ သို့သော်လည်း အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဗြိတိန်နိုင်ငံသည် အီးယူမှ ထွက်ခွာမည်ဖြစ်သည်။


အီးယူနိုင်ငံများအနေဖြင့် သဘောတူညီချက်ကို လက်ခံရန်အတွက် အဓိက အတားအဆီးမှာ ဗြိတိန်နိုင်ငံက အိုင်ယာလန်နယ်စပ် ပြဿနာ ဖြေရှင်းရန် လိုအပ်ခြင်းဖြစ်သည်။ 


မိမိတို့အနေဖြင့် မူရင်းလမ်းကြောင်းမှ သွေဖယ်သွားမည့် ရုပ်သိမ်းရေး သဘောတူညီမှုကို ကြိုးပမ်းမည်မဟုတ်ဟု မေခရွန်က ပြောသည်။


အီးယူနှင့်ဗြိတိန် နှစ်နိုင်ငံခေါင်းဆောင်များသည် စက်တင်ဘာလ မကုန်မီ လိုက်လျောမှုများပြုလုပ်ရန် ကြိုးစားမည်ဟု သဘောတူညီခဲ့ကြကြောင်း ပြင်သစ်သမ္မတရုံးက ပြောကြားခဲ့သည်။


ဗြိတိန်နိုင်ငံသည် ရက်ပေါင်း ၃၀အတွင်း  အဆိုပြုချက်တင်သွင်းရန် ဂျာမဏီဝန်ကြီးချုပ် အိန်ဂျလာ မက်ကယ်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့ က သဘောတူညီခဲ့ကြသည်။


အီးယူနှင့်ဗြိတိန်တို့၏ သဘောတူညီချက်ကို ဗြိတိန်က ရှောင်ရှားမည့်နည်းလမ်းကို ရှာဖွေရာတွင် မသေချာ မရေရာ ဖြစ်နေဆဲပင်ဖြစ်သည်။


ကိုးကား-အန်အိတ်ချ်ကေ


ဘာသာပြန်-မေဇော်ထက်

 

B-1.