ဘရူနိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၄၇ ဦး ထပ်မံတွေ့ရှိ

ဧပြီ ၅

 

ဘရူနိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၄၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၁၃၆၈၂၁ ဦး ရှိလာသည်။

 

လူဦးရေ လေးသိန်းနှစ်သောင်းကျော်ရှိသည့် နိုင်ငံဖြစ်ပြီး မတ်လ ၂၄ ရက်နေ့မှစတင်ကာ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၀၀၀ အောက် ကျဆင်းလာသည်မှာ ၁၃ ရက်ဆက်တိုက်ရှိပြီဖြစ်သည်။

 

ကိုဗစ် တတိယလှိုင်း ကူးစက်မှုကာလအတွင်း မတ်လ ၃ ရက်နေ့က ရောဂါကူးစက်ဖြစ်ပွားသူ ၄၈၈၅ ဦးဖြင့် နေ့စဉ်ကူးစက်မှု အမြင့်မားဆုံးဖြစ်ခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေး ဖိုက်ဇာ၊ ဘိုင်အွန်တက်စ်၊ မိုဒါနာ၊ အက်စရာဇနီကာနှင့် တရုတ်နိုင်ငံက ထုတ်လုပ်သော ဆီနိုဖမ်ကာကွယ်ဆေးများ ထိုးနှံမှုပြုလုပ်ခဲ့သည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ကုသမှုခံယူနေဆဲလူနာ ၃၁၁၃ ဦးရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၃၃၄၉၄ ဦးရှိကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို