ဘုတ်ပြင်း၊ ကွတ်ခိုင်နှင့် တောင်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၈ ဩဂုတ်

 

ဘုတ်ပြင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၆ ရက် ညနေပိုင်းတွင် ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာအုပ်စု၊ အလယ်မန်ကျေးရွာလမ်းပေါ်တွင် မသင်္ကာဖွယ်တွေ့ရှိသူ အောင်နိုင်ဝင်း (ခ) မတ်ဟူရှင် (ခ) မတ်ရှင်နှင့် အောင်နိုင်တူး (ခ) မန်ဂျားလာ တို့အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၈၂၈ ပြားကိုလည်းကောင်း။

 

အလားတူ ဩဂုတ် ၁၇ ရက် ညပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကွတ်ခိုင်မြို့၊ အမှတ်(၈)ရပ်ကွက်၊ လားရှိုး-မူဆယ်သွားကားလမ်းတွင် ချိန်စောကြူ (ခ) အားယုံ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ ကိုလည်းကောင်း။

 

ထို့အတူ ယင်းနေ့နံနက်ပိုင်းက တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်ပန်းခြံအနီးတွင် ပြည့်ဖြိုးဦး မောင်းနှင်ပြီး ကျော်သူဟိန်း(ခ)ပိုးယား လိုက်ပါလာသော Mark II အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၃၂ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား