ဘုတ်ပြင်းမြို့နယ်တွင် အသိပညာပေးလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ဘုတ်ပြင်း  ၁၈ ဇွန်

ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူပေါင်းကာ ယနေ့ နံနက် ၁၀ နာရီက မူလွန်-အောင်မင်္ဂလာကျောင်းတွင် ကျောင်းသားကျောင်းသူများ အသိပညာပေး လုပ်ငန်းများ ကွင်ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက စာပေလေ့လာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ စာဖတ်ရှိန် တိုးတက်စေရေး အသိပညာပေး ဟောပြော၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးသန်ဇော်ထွန်းက မိုးကြိုးဘေး၊ မုန်တိုင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မီးဘေးစသည့် သဘာဘေးအန္တရာယ်နှင့် ပတ်သက်သည်များကို အသိပညာပြောကြားသည်။ 

ဆက်လက်၍ ကျောင်းသားကျောင်းသူများအား သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် ပညာပေးဗီဒီယိုပြသခြင်း၊ နံရံကပ်စာစောင်၊ မှတ်တမ်း ဓာတ်ပုံများကို အသိပညာပေး ပြသထားရာ  ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း ဘုတ်ပြင်း (ပြန်/ဆက်)မှ သိရသည်။ 

MDN