ဘုတ်ပြင်းမြို့ရှိ အခြေခံပညာကျောင်းများ၌ အခမဲ့ ကျောင်းအပ်လက်ခံ

ဘုတ်ပြင်း မေ ၂၃

 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် မေ ၂၃ ရက် နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။

 

ဘုတ်ပြင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံခြင်းကို သက်ဆိုင်ရာ ကျောင်းများအလိုက် ဆရာ ဆရာမများက မေ ၂၃ ရက်မှ ၃၀ ရက်အထိ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများကို နိုင်ငံတော်က သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံများပါ အခမဲ့ ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)