ဘူးသီးတောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခမဲ့ကျောင်းအပ်နှံခြင်း စတင်

ဘူးသီးတောင်     မေ     ၂၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် မေ ၂၆ ရက် နံနက်မှစ၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခမဲ့ကျောင်းအပ်နှံခြင်းကို သက်ဆိုင်ရာ ကျောင်းများတွင် စတင်လက်ခံပေးလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ခြောက်ကျောင်း၊ အထက်တန်း ကျောင်း(ခွဲ) ခုနစ်ကျောင်း၊ အလယ်တန်းကျောင်း လေးကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) ၁၆ ကျောင်း၊ မူလတန်းလွန် ၈၂ ကျောင်း၊ မူလတန်းကျောင်း ၅၃ ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ) ၄၂ ကျောင်း စုစုပေါင်း ကျောင်း ၂၁၀ အား ဖွင့်လှစ်၍ ကျောင်းအပ်နှံရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်ထံမှ သိရသည်။

လှကျော်(ပြန်/ဆက်)