ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရန် ဗြိတိန်နိုင်ငံတွင် အသွားအလာ ကန့်သတ်မှု ထပ်မံပြုလုပ်

၅ ဇန်နဝါရီ

 

 

ဗြိတိန်နိုင်ငံတွင် ကူးစက်မြန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် အသွားအလာ ကန့်သတ်သည့် အစီအစဉ်တစ်ခု ချမှတ်လိုက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကြေညာခဲ့သည်။

 

 

ဗြိတိန်နိုင်ငံ၌ ကိုဗစ် -၁၉ ကူးစက်ခံရသူပေါင်း ၅၈၇၈၄ ဉီး အထိ ရှိနေပြီဖြစ်ကြောင်း တနင်္လာနေ့ ညပိုင်းတွင် ထုတ်လွှင့်သည့် ရုပ်သံ အစီအစဉ်တစ်ခု၌  ဘောရစ်ဂျွန်ဆင်က ကြေညာခဲ့ခြင်းဖြစ်သည်။

 

 

အစားအသောက်များ ဝယ်ယူရန် ဈေးဝယ်ထွက်ခြင်းနှင့် ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်ရန် အတွက်သာ အပြင်သို့ သွားလာခွင့်ပြုမည်ဖြစ်ပြီး အရေးမကြီးသည့် ဆိုင်များ ပိတ်ထားရန် ဝန်ကြီးချုပ်မှ ပြောကြားခဲ့သည်။

 

 

 စည်းကမ်းချိုးဖောက်သူများအား ပေါင် ၂၀၀ သို့မဟုတ် ဒေါ်လာ ၂၇၀ ခန့် ဒဏ်ရိုက်မည်ဖြစ်သည်။

 

 

ဗြိတိန်နိုင်ငံရှိ မူကြိုကျောင်း၊ အလယ်တန်းကျောင်းများနှင့် တက္ကသိုလ်များကို ဇန်နဝါရီလ ၅ ရက်နေ့မှစပြီး ဖေဖော်ဝါရီလလလယ်အထိ အွန်လိုင်းမှ သင်ကြားပေးမည်ဖြစ်သည်။

 

 

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ယခုကဲ့သို့ ထိန်းချုပ်မှု ပြုလုပ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

mdn