ဗီယက်နမ် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း ရုရှားကို ရှုံးနိမ့်

၃၀ ဩဂုတ်

                    
ဥရောပဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးမှုဖြင့် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ဗီယက်နမ် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ဆက်လက် ကျင်းပရာ မြန်မာအသင်းသည် ရုရှားအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
                    

နှစ်သင်းစလုံး နှစ်ပွဲဆက် ရှုံးနိမ့်ထားသောကြောင့် ပထမဆုံးနိုင်ပွဲရရန် ကြိုးပမ်းခဲ့သည်။ သို့သော် ရုရှားအသင်းက ပွဲအစမှာပင် တိုက်စစ်ဖွင့်ကစားကာ ပထမပိုင်းမှာပင် သုံးဂိုးစလုံး သွင်းယူခဲ့သည်။ မြန်မာအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၆၅ မိနစ်တွင် ကျော်မင်းခန့်က သွင်းယူခဲ့သည်။ 


ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲတွင် တောင်ကိုရီးယားအသင်းက ဗီယက်နမ်အသင်းကို သုံးဂိုး-နှစ်ဂိုး ဖြင့် အနိုင်ရခဲ့သည်။


အုပ်စုပွဲများအပြီးတွင် တောင်ကိုရီးယားအသင်းက ကိုးမှတ်ဖြင့် ပထမ၊ ဗီယက်နမ်အသင်းက ခြောက်မှတ်ဖြင့် ဒုတိယ၊ ရုရှားအသင်းက သုံးမှတ်ဖြင့် တတိယရခဲ့ပြီး မြန်မာအသင်းသည် သုံးပွဲစလုံး ရှုံးနိမ့်ခဲ့သည်။ 


 ရဲရင့်ရှိုင်း