ဗီယက်နမ်အလယ်ပိုင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် မိသားစုဝင်လေးဦးသေဆုံး

၁၁ ဒီဇင်ဘာ

 

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကုန်းမြင့်ဒေသဖြစ်သော လမ်ဒေါင်ပြည်နယ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မိသားစုဝင်လေးဦး သေဆုံးခဲ့ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက သတင်းဖော်ပြထားသည်။

 

လမ်ဒေါင်ပြည်နယ် ဒါတတ်ရှ် ခရိုင်တွင် ယမန်နေ့ ညနေပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် နှစ်နှစ်အရွယ် သမီးလေးတစ်ဦး၊ ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦး နှင့် ၎င်း၏ ဇနီး ၂၄ နှစ်တို့ သေဆုံးခဲ့သည်။ ယခုနှစ်တွင် မွေးဖွားခဲ့သည့် ၎င်းတို့၏ ဒုတိယမြောက်သမီးဖြစ်သူမှာ မီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့သည်။

 

မီးလောင်ကျွမ်းမှုဖြစ်ပွားချိန်တွင်  ဒေသခံများက သော့ခတ်ထားသော တံခါးပေါက်ကို ချိုးဖျက်ကျသော်လည်း မရရှိခဲ့ပေ။

 

မီးသတ်သမားများက မီးငြှိမ်းသတ်ခဲ့ပြီး ၎င်းတို့ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု မျက်မြင်သက်သေများ ပြောကြားမှုကို ထိုသတင်းအေဂျင်စီက ယနေ့တွင်ကိုးကားဖော်ပြခဲ့သည်။

 

ဗီယက်နမ်နိုင်ငံ၏ မီးဘေးကာကွယ်ရေးနှင့် မီးသတ်ဌာန၏ ပြောကြားချက်အရ ယခုနှစ် ပထမ ၁၁ လအတွင်း ပေါက်ကွဲမှု နှင့် မီးလောင်ကျွမ်းမှု ၃၄၅၄ ခုရှိကာ ၈၈ ဦး သေဆုံးပြီး အခြား ၁၆၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့်  ဗီယက်နမ်ဒေါင် ၁၁၂၇ ဘီလီယံ တန်ဖိုး ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို