၅ နိုဝင်ဘာ
ဗီယက်နမ်နိုင်ငံတွင် ဓာတုပစ္စည်းတင်သွင်းမှု အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် အသုံးပြုခဲ့ပြီး ယခုနှစ် ပထမ ၁၀ လအတွင်း ဓာတုပစ္စည်းတင်သွင်းမှု အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံနီးပါးရှိရာ ခြောက်ရာခိုင်နှုန်း ကျဆင်းသွားပြီး တစ်နှစ်ထက်တစ်နှစ် ၃ ဒသမ ၃ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ ဓာတုပစ္စည်းများနှင့် ဓာတုထုတ်ကုန်များ အများဆုံးတင်သွင်းသောနိုင်ငံများတွင် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်သည်ဟု ဗီယက်နမ်အကောက်ခွန်ဌာနချုပ်၏ ယနေ့ပြောကြားချက်အရ သိရသည်။
၁၀ လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ ဓာတုပစ္စည်းများနှင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနီးပါးရှိ ဓာတုထုတ်ကုန်များ တင်ပို့ခဲ့ရာ ၁၀ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၆ ဒသမ ၆ ရာခိုင်နှုန်း အသီးသီးမြင့်တက်လာသည်။
ပြီးခဲ့သည့်နှစ်က ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံနီးပါးရှိ ဓာတုပစ္စည်းများ တင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ ဓာတုထုတ်ကုန်များ တင်သွင်းခဲ့သည်။
အဆိုပါ ဓာတုပစ္စည်းများနှင့် ဓာတုထုတ်ကုန်များကို တရုတ်နိုင်ငံမှ အဓိကတင်သွင်းခဲ့ခြင်း ဖြစ်သည်ဟု ထိုအကောက်ခွန်ဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို