ဗီယက်နမ်ဟိုချီမင်းစီးတီး၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မျုများ တွေ့ရှိ

ဟိုချီမင်းစီးတီး ဖေဖော်ဝါရီ ၂၅

 

ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဟိုချီမင်းမြို့တော်၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လျက်ရှိကြောင်း ဟိုချီမင်းမြို့တော် ရောဂါပိုးမွှားထိန်းချုပ်ရေးစင်တာမှ ပြောကြားသည်။

 

အဆိုပါမြို့တွင် ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်၍ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၃၅၆ ဦးနှင့် အဆိုပါ ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူသူ ၃၃၄ ဦးတို့ကို တွေ့ရှိခဲ့ရပြီး ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၇ ရက်အကြား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ဒေသခံ ၇၀ တွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ရသည်။

 

လက်ရှိအချိန်တွင် ဟိုချီမင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ဟိုချီမင်း ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၂၃၇၉၄ ဦး ရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူ ၁၉၉၃၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ