ဗီယက်နမ်က ယခုနှစ်ပထမငါးလအတွင်း သစ်အခြေခံထုတ်ကုန်များ တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ ဝင်ငွေရရှိ

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း သစ်၊ သစ်သားထည်နှင့် အခြား သစ်တောထွက်ပစ္စည်းများ တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံရရှိရန် ရည်မှန်းချက်တစ်ရပ် သတ်မှတ်ခဲ့ပြီး ယမန်နှစ် ဝင်ငွေ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံထက် ပိုမိုများပြားကြောင်း ဗီယက်နမ် သစ်တောဌာနက ယနေ့ ပြောကြားလိုက်သည်။

 

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမငါးလအတွင်း သစ်အခြေခံ ထုတ်ကုန်များတင်ပို့မှုမှ အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံနီးပါး ရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၂၀ ရာခိုင်နှုန်း ပိုများ ပြားခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံး ပို့ကုန်ဈေးကွက်များတွင် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီး ယားနှင့် ဥရောပသမဂ္ဂတို့ ပါဝင်ခဲ့သည်။ ဗီယက်နမ်နိုင်ငံက သဘာဝသစ်တောများ အသုံးပြုမှုကို သုံးနှစ်ကြာ ဆိုင်းငံ့ခဲ့ပြီး သစ်တောစိုက်ပျိုးမှုအပြင် သစ်တင်ပို့မှုကိုပါ အရှိန်မြှင့်တင်ခဲ့သည်။

 

ဗီယက်နမ်နိုင်ငံ၏ အနာဂတ်ကာလတွင် အသုံးပြုရန် စိုက်ပျိုးခဲ့သည့် သစ်တော ဟက်တာ ၃ ဒ သမ ၅ သန်းက လာမည့် ငါးနှစ်မှ ၁၀ နှစ်အတွင်း သစ်ထုတ်လုပ်မှုကို ကုဗမီတာ ၃၅ သန်းမှ သန်း ၄၀ ထိ ရရှိစေမည်ဟု သစ်တောဌာနက ဆိုသည်။ လက်ရှိအချိန်တွင် ဗီယက်နမ်နိုင်ငံ၌ လုပ်ငန်း ၅၀ဝ၀ ခန့်မှာ သစ်နှင့် သစ်အခြေခံထုတ်ကုန်များ ထုတ်လုပ်မှုတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်