ဟနွိုင်း၊ စက်တင်ဘာ ၃၀
ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမကိုးလအတွင်း ငရုတ်ကောင်း တန်ချိန် ၂၀၃၀၀၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော်ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် တန်ဖိုး ၄၆ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်း မီဒီယာ VnExpress က စက်တင်ဘာ ၃၀ ရက် တွင် သတင်းဖော်ပြခဲ့သည်။
စက်တင်ဘာလ တစ်လတည်းတွင် ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှုသည် တစ်တန်လျှင် ပျမ်းမျှတင်ပို့မှုဈေးနှုန်း ၆၂၃၉ ဒေါ်လာဖြင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၁၂၅ သန်းရရှိခဲ့ပြီး လွန်ခဲ့သည့် ရှစ်နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
လာမည့်နှစ်အတွက် ဝယ်လိုအားများ တစ်ဟုန်ထိုး မြင့်တက်နေခြင်းကြောင့် ပြည်တွင်း ငရုတ်ကောင်း ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်း အထွက်နှုန်းသည် မိုးခေါင်ရေရှားမှုဒဏ်ကြောင့် ၂၀၂၅ ခုနှစ်တွင် ကျဆင်းမည်ဟု မျှော်လင့်ထားကြောင်း VnExpress က ဖော်ပြခဲ့သည်။ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှု မှ ဝင်ငွေသည် ပြီးခဲ့သည့်နှစ်က အမေရိကန် ဒေါ်လာ ၉၁၂ သန်းအထိ ရှိလာခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်းမှ သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်