ဗီယက်နမ်နိုင်ငံက ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတကာလေကြောင်းလိုင်းများပြေးဆွဲမှု ပြန်လည်စတင်မည်

ဟနွိုင်း ဒီဇင်ဘာ ၁၂

ဗီယက်နမ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားခဲ့သည့် နိုင်ငံတကာလေကြောင်းလိုင်းများ ပြေးဆွဲမှုကို ၂၀၂ခုနှစ် ဇန်နဝါရီလတွင် ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ဗီယက်နမ်အစိုးရက အတည်ပြုပြောကြားသည်။

အဆိုပါ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်စတင်ပြေးဆွဲမည့် နိုင်ငံများစာရင်းတွင် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ ၊ လာအို၊ ကမ္ဘောဒီးယားနှင့် အမေရိကန်နိုင်ငံတို့ ပါဝင်မည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ သတင်းအေဂျင်စီက ဒီဇင်ဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ဗီယက်နမ်နိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လွန်ခဲ့သည့်နှစ် မတ်လကတည်းက နိုင်ငံ၏ နယ်စပ်ဂိတ်များနှင့် နိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်များကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ပိတ်ထားစဉ်အတွင်း ဗီယက်နမ်နိုင်ငံသည် အခြားနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် ဗီယက်နမ် နိုင်ငံသားများကိုသာ ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်