ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၌ မြေပြိုမှုကြောင့် သုံးဦးသေဆုံး

မေ ၂၃

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း တောင်ထူထပ်သောဒေသတွင် ယမန်နေ့က မြေပြိုမှုဖြစ်ပွားခဲ့ရာ မိသားစုဝင်သုံးဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။ အဆိုပါမြေပြိုမှုသည် ဘတ်ကန်ပြည်နယ်ရှိ နေအိမ်တွင် မေလ ၂၁ ရက်ညပိုင်းနှင့် ၂၂ ရက် မနက်စောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေသခံအာဏာပိုင်များ၏ပြောကြားချက်အရ သဘာဝဘေးအန္တရာယ်ဖြစ်ပွားချိန်ကယင်းနေအိမ်အတွင်းတွင် လူရှစ်ဦးရှိကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်ဖွား ကလေးငယ်တစ်ဦးနှင့် ၎င်း၏မိဘများနေအိမ်အတွင်းပိတ်မိနေခဲ့သော်လည်း ငါးဦးမှာလွတ်မြောက်သွားခဲ့သည်။ မြေပြိုမှုမဖြစ်ပွားမီ ထိုဒေသတွင် မိုးများသုံးရက်ဆက်တိုက်ရွာသွန်းခဲ့သည်ဟု ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို