ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ  ဒေသတွင်းကူးစက်သူ ၂၉ ဦး ထပ်မံတွေ့ရှိ

မေ ၁၄

 

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၃၀ ထပ်မံတွေ့ရှိခဲ့သည်။ ထိုရောဂါကူးစက်ခံရသူများ အနက် ၂၉ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး  ပြည်ပမှပြန်လာသူ တစ်ဦးတို့ ဖြစ်သည်။

 

နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၇၄၀ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။

 

ဒေသတွင်းကူးစက်မှုအများစုသည် ယခင်အတည်ပြုလူနာများနှင့်ထိစပ်သူများ၊ ဒေသတွင်းရှိအုပ်စုလိုက် ရောဂါကူးစက်မှုများနှင့် ဆက်စပ်သူများ ဖြစ်သည်။

 

ပြည်ပမှပြန်လာသူ(ရောဂါပိုးတွေ့ရှိသူ)သည် ဗီယက်နမ်နိုင်ငံသားတစ်ဦး ဖြစ်ပြီး ပြည်ပမှမကြာသေးမီက ရောက်ရှိကာ သီးသန့်ခွဲနေထိုင်ခဲ့သူ ဖြစ်သည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသူ ၂၆၅၇ ဦး ရှိလာသည်။ နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ   ဒေသတွင်းကူးစက်သူဦးရေ ၂၂၈၂ ဦး ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို