ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှု စံချိန်တင်

ဟနွိုင်း ဖေဖော်ဝါရီ ၂၄

 

ဗီယက်နမ်နိုင်ငံ၌ ယနေ့ ဆေးမှတ်တမ်းများအရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၀၃၅၅ ဦး စံချိန်တင် စစ်ဆေးတွေ့ရှိခဲ့ရာ ရောဂါကူးစက်ခံရသူပေါင်း ၂၉၇၂၃၇၈ ဦး ရှိလာပြီဖြစ်ကြောင်း ယနေ့ သတင်းများအရ သိရသည်။

 

ဖေဖော်ဝါရီ ၂၂ရက်တွင် ရောဂါ ကူးစက်ခံရသူ ၄၄၇၆ ဦးအား စံချိန်တင်တွေ့ရှိခဲ့ပြီး ယနေ့ကူးစက်မှုအရေအတွက်သည် အဆိုပါ အရေအတွက်ထက် ၁၃ ဆခန့် ပိုမိုများပြားကြောင်း သိရသည်။ ။

 

ထို့ပြင် ရောဂါထပ်မံကူးစက်ခံရသူများအနက် ၆၀၃၇၁ ဦးသည် ဒေသတွင်း ကူးစက်ခံရသူများဖြစ်ပြီး ကျန် ၁၇ ဦးမှာ နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများ ဖြစ်သည်။

 

အလားတူ မြို့တော်ဟနွိုင်း၌ နေ့စဉ် ကူးစက်ခံရသူအရေအတွက်သည် ၇၄၁၉ ဦးဖြင့် စံချိန်တင်ခဲ့သည်။ ထို့ပြင် ဘက်စ်ဂျန်စီရင်စု၌ ရောဂါကူးစက်ခံရသူ ၂၉၉၈ ဦး နှင့် ဟဒေါင်စီရင်စု၌ ၂၉၄၄ ဦးတို့အား အသီးသီးတွေ့ရှိရသည်။

 

ဗီယက်နမ်နိုင်ငံ၌ လက်ရှိအချိန်အထိ ရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း  ၃၉၇၁၉ ဦးရှိသည်။ သို့သော် လူနာ ၂၃၂၀၇၂၂ ဦး (၇၈ ရာခိုင်နှုန်း)သည် ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၁၉၂ ဒသမ ၄သန်း  ကျော်အား ထိုးနှံပေးပြီးဖြစ်ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်- အောင်ကျော်ကျော်