ဟနွိုင်း ဧပြီ ၁၈
ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၀၁၂ ဦး ထပ်မံတွေ့ရှိ ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ အဆိုပါ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် တစ်ဦးသာ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများမှ ကူးစက်ခံရသူဖြစ်ပြီး ကျန်ကူးစက် ခံရသူများသည် ပြည်တွင်း၌ ကူးစက် ခံရသူများဖြစ်ကြောင်း သိရသည်။
ပြောကြား
လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၄၇၅၈၁၉ ဦးရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၄၂၉၅၇ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိသူပေါင်း ၈၉၄၁၀၆၄ ဦးရှိပြီး ယင်းအရေအတွက်သည် ကူးစက်ခံရသူ စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းရှိကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။
ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၂၀၉ ဒသမ ၆ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်းနှင့် အဆိုပါနိုင်ငံအတွင်း အသုံးပြုခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအနက် အသက် ၁၈ နှစ်နှင့်အထက် အသက်အရွယ် ရှိသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၁၉၂ ဒသမ ၄ သန်း ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်