ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၀၂၉ ဦး ထပ်မံတွေ့ရှိ

ဟနွိုင်း   ဧပြီ    ၂၁ 

ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၁၂၀၂၉ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း    ဗီယက်နမ်ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

သို့သော် အဆိုပါအရေအတွက်သည် ဧပြီ ၁၉ ရက်တွင်တွေ့ရှိသည့်   ရောဂါကူးစက်ခံရသူ အရေ အတွက်ထက် ၁၂၄၂  ဦး ပိုမိုလျော့နည်းသွားကြောင်း သိရသည်။ 

ထပ်မံကူးစက်ခံရသူအားလုံးသည်  ဒေသတွင်း ကူးစက်ခံရသူများဖြစ်ပြီး ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်း၌ ၉၈၆ ဦး၊ ဖူသိုခရိုင်၌ ၈၃၆ ဦးနှင့် ကွမ်နန် ခရိုင်၌ ၅၅၀ တို့ အသီးသီးတွေ့ရှိရသည်။

 လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူပေါင်း ၁၀၅၃၃၁၆၄ ဦးရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၄၂၉၈၂ ဦးရှိပြီဖြစ်သည်။ 

ထို့ပြင် ရောဂါမှ ပြန်လည်သက်သာလာသူပေါင်း ၉၀၇၆၉၂၇ ဦးရှိ၍  ရောဂါကူးစက်ခံရသူအားလုံး၏ ၈၆ ရာခိုင်နှုန်းရှိသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ  ၂၁၀ ဒသမ ၆ သန်းနီးပါး    သုံးစွဲခဲ့ပြီး အသက် ၁၈ နှစ်နှင့်အထက်           ပြည်သူများအား ကာကွယ်ဆေးအလုံးရေ ၁၉၃ ဒသမ ၂ သန်းထိုးနှံ ပေးပြီးဖြစ်ကြောင်း သိရသည်။    
            
                   ကိုးကား - ဆင်ဟွာ 
ဘာသာပြန် - အောင်ကျော်ကျော်