ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၉၁ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၁၉

 

ဗီယက်နမ်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၉၁ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူအားလုံးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၁၁၄၅၈၄၉၉ ဦးအထိရှိလာကြောင်း သတင်းထုတ်ပြန်ထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် တစ်ဦးထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၄၃၁၃၉ ဦး ရှိလာသည်။

 

ယမန်နေ့ကအထိ နိုင်ငံအတွင်း အသက်ရှူအထောက်အကူပြုကိရိယာလိုအပ်နေသူ ၁၁၅ ဦးရှိသည်ဟု ထိုဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၁၀၅၇၉၀၂၉ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို