ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၆၉ဝ ထပ်မံတွေ့ရှိ

 

ဟနွိုင်း သြဂုတ် ၉

ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၆၉၀ ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂၁၀၄၀၅ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ပြောသည်။

အဆိုပါရောဂါကူးစက်ခံရသူများအနက် ၉၆၈၄ ဦးသည် ဒေသတွင်းကူးစက်ခံရသူများဖြစ်ပြီး ကျန်ခြောက်ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည် ရောက်ရှိလာသူများဖြစ်သည်။

ဒေသတွင်းကူးစက်မှုများအနက် ဟိုချီမင်းစီးတီး ၌ ၃၈၉၈ ဦး၊ ဘင်ဒေါင်ခရိုင်၌၃၂၁၀၊ လောင်အန်ခရိုင်၌ | ၇၂၄ ဦး အသီးသီးစစ်ဆေးတွေ့ရှိခဲ့သည်။

လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြောင့် သေဆုံးသူပေါင်း ၃၃၉၇ ဦးရှိကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့်အတွက် လူနာ ၄၈၆၀ ဆေးရုံများမှ ဆင်းသွားခဲ့ရာ ရောဂါမှ ပြန်လည် သက်သာလာသူပေါင်း ၁၄၉၇ ဦးရှိကြောင်း သိရသည်။

လက်ရှိအချိန်အထိပြည်သူ၈ဒသမ၉သန်းအား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းအင်းများအရ သိရသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်