ဗီယက်နမ်နိုင်ငံ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

 

ဟနွိုင်း၊ စက်တင်ဘာ ၂၈

 

ဗီယက်နမ်နိုင်ငံတွင် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း နိုင်ငံအလယ်ပိုင်းနှင့် အလယ်ပိုင်း၏ မြောက်ဘက်စွန်း    ပြည်နယ်များတွင်  ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

Nghe An ခရိုင်တွင် အိမ်ခြေ ၁၆၀၀ ကျော် ရေမြုပ်ခဲ့ပြီး အိမ်ခြေ ၈၀၀ ကျော်သည် အကူအညီများ ပြတ်တောက်ခဲ့ကြောင်း တာဝန်ရှိများက ပြောသည်။

 

မြို့တော် ဟနွိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 

နိုင်ငံအတွင်းရှိ ဒေသအနှံ့အပြားတွင် အချိန်အတန်ကြာ မိုးဆက်လက်ရွာသွန်းမည်ဖြစ်ပြီး မြေပြိုမှုများနှင့် မြစ်ရေလျှံမှုများ ဖြစ်ပွားနိုင်သဖြင့် ဒေသခံများကို သတိပြုနေထိုင်ကြရေးအတွက် တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ၊

ဘာသာပြန်-စိုးသူရ