ဗီယက်နမ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၇၇၀ ရှိ

ဟနွိုင်း နိုဝင်ဘာ ၂၉

 

ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၇၇၀ ရှိကြောင်း၊ ယင်းတို့အနက် ၁၃၇၅၈ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ၁၂ ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရသူများ ဖြစ်ကြောင်း  ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ။

 

အစုလိုက်အပြုံလိုက်ကူးစက်မှုများမှာ နိုင်ငံတောင်ပိုင်းဒေသများမှဖြစ်ကြောင်းနှင့် ဟိုချီမင်းစီးတီး၌ ၁၅၅၄ ဦး၊ ကန်သိုပြည်နယ်၌ ၉၁၃ ဦး၊ တေနင်းပြည်နယ်၌ ၇၁၉ ဦး အသီးသီးကူးစက်ခံခဲ့ရကြောင်း သိရသည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၂၂၄၁၁ဝ ရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၅၀၅၅ ဦးရှိလာကြောင်း သိရသည်။

 

ထို့ပြင် ဗီယက်နမ်နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူပေါင်း ၉၇၄၇၂၄ ဦးရှိကြောင်း သိရသည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ စုစုပေါင်း ၁၂၁ သန်းနီးပါး အသုံးပြုခဲ့ပြီးဖြစ်ကြောင်းနှင့် နိုင်ငံလူဦးရေ၏ သန်း ၅၀ ခန့်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်