ဗီယက်နမ်နိုင်ငံသို့ ယခုနှစ်ပထမငါးလအတွင်း နိုင်ငံတကာခရီးသွားဝင်ရောက်မှု မြင့်တက်ခဲ့

ဟနွိုင်း   ဇွန် ၁


ဗီယက်နမ်နိုင်ငံသို့   ယခုနှစ် ပထမ ငါးလအတွင်း နိုင်ငံတကာ ခရီးသွား ၃၆၅၃၀၀ ဝင်ရောက်ခဲ့ပြီး ၎င်းအရေအတွက်သည် ပြီးခဲ့သည့် နှစ် အလားတူအချိန်ကထက် ၄ ဒသမ ၅ ဆခန့် များပြားကြောင်း ဗဟိုစာရင်းအင်းရုံးက မေ ၃၁ ရက် တွင် ပြောကြားသည်။

နိုင်ငံအတွင်းသို့  လေကြောင်း ခရီးဖြင့် လာရောက်သည့်ခရီးသည် အရေအတွက်သည်   စုစုပေါင်း လာရောက်သူခရီးသည်     အရေ အတွက် ၏ ၈၇ ဒသမ ၈ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ 

ယခုနှစ်   ပထမငါးလအတွင်း အာရှနိုင်ငံများမှ      ခရီးသည် ၂၃၀၉၈၈ ဦး   ဗီယက်နမ်နိုင်ငံသို့လာရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင်နိုင်ငံအတွင်းသို့ ဥရောပ၊ အမေရိကနှင့် သမုဒ္ဒရာဇုန်နိုင်ငံ များမှခရီးသည်များ လာရောက်မှု လည်း မြင့်တက်ခဲ့ကြောင်း သိရ သည်။ နိုင်ငံ၏စီးပွားရေးနှင့် ခရီး သွားလုပ်ငန်းများမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှောင့်နှေးမှု များဖြစ်ခဲ့ရသဖြင့် ယခုနှစ်မတ် ၁၅ ရက်မှစတင်၍  ဗီယက်နမ်နိုင်ငံ နယ်စပ်များကို  နိုင်ငံတကာခရီး သွားများအတွက်     ပြန်လည် ဖွင့်လှစ်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် နိုင်ငံအတွင်းသို့ နိုင်ငံတကာခရီးသွား ၁၈ သန်း   ဝင်ရောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင်      နိုင်ငံတကာ ခရီးသွားဝင်ရောက်မှု ကျဆင်းခဲ့ သည်။ ၂၀၂၂ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံသို့   နိုင်ငံတကာခရီးသွား ငါးသန်းကျော်  ဝင်ရောက်လာစေ ရန် ရည်မှန်းချက်     ထားရှိကြောင်း ဗီယက်နမ်   အမျိုးသားခရီးသွား လုပ်ငန်းအုပ်ချုပ်မှု      အဖွဲ့က ပြောကြားသည်။ 

ကိုးကား-ဆင်ဟွာ 
ဘာသာပြန်-စိုးသူရ