ဟနွိုင်း မေ ၁၉

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဗာကန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းရာမှ ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက ယမန်နေ့တွင် ပြောကြားသည်။
 
ရေကြီးရေလျှံမှုဖြစ်ပွားစဉ်အတွင်း နှစ်ဦးသေဆုံးပြီး ကျန်သေဆုံးသူနှစ်ဦးမှာ ရေကြီးရေလျှံမှုများကြောင့် မြေပြိုစဉ် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။ ဆိုးရွားသည့် ရာသီဥတု အခြေအနေကြောင့် ကောက်ပဲသီးနှံဧကဟက်တာရာပေါင်းများစွာ ပျက်စီးခဲ့ပြီး အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

လက်ရှိအချိန်တွင် ၎င်းသဘာဝဘေးများထပ်မံဖြစ်ပွားနိုင်သဖြင့် သတိပြုနေထိုင်ကြရေးအတွက် တာဝန်ရှိသူများက သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံတွင် မုတ်သုံရာသီဥတုတွင် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ