ဗီယက်နမ်တွင် ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မီးလောင် ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၄၈ ဦး ရှိ

၃ ဇူလိုင်

 

 

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ပထမနှစ်ဝက်အတွင်း မီးလောင်ပေါက်ကွဲမှုပေါင်း ၁၅၀၉ ခု ဖြစ်ပွားခဲ့ပြီး ၄၈ ဦး သေဆုံးကာ ၁၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

 

 

အဆိုပါ မီးလောင်ပေါက်ကွဲမှုများကြောင့် ဗီယက်နမ် ဒေါင် ၃၃၆ ဒသမ ၆ ဘီလီယံခန့် ( အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆ သန်း) ဆုံးရှုံးခဲ့ကြောင်း ဗီယက်နမ် မီးဘေးကာကွယ်ရေးနှင့်မီးသတ်ဌာနက ယနေ့တွင် ပြောကြားခဲ့သည်။

 

 

ပြီးခဲ့သည့်နှစ်က ပထမနှစ်ဝက်တွင် မီးလောင်ပေါက်ကွဲမှုပေါင်း ၁၉၁၁ ခု ဖြစ်ပွားခဲ့ပြီး ၆၃ ဦးထက်မနည်း သေဆုံးပြီး ၉၈ ဦး ဒဏ်ရာရရှိခဲ့သည်။

 

 

ထိုမီးလောင်ပေါက်ကွဲမှုကြောင့် ဗီယက်နမ်ဒေါင် ၆၇၇ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၂၉ ဒသမ ၄ သန်း)တန်ဖိုး ဆုံးရှုံးခဲ့သည်။

 

 

၂၀၁၉ ခုနှစ်က မီးလောင်ပေါက်ကွဲမှုပေါင်း ၃၇၅၅ ခု ဖြစ်ပွားခဲ့ပြီး ၁၁၂ ဦး သေဆုံးပြီး ၁၇၇ ဦး ဒဏ်ရာရရှိခဲ့သည်။

 

 

ယင်းမီးလောင်ပေါက်ကွဲမှုကြောင့် ဗီယက်နမ်ဒေါင် ၁၄၀ဝ ဘီလီယံ( အမေရိကန် ဒေါ်လာ ၆၀ ဒသမ ၉ သန်း)တန်ဖိုး ဆုံးရှုံးခဲ့သည်ဟု ၎င်း မီးသတ်ဌာနက ပြောကြားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို