ဗြိတိန် အထွေထွေရွေးကောက်ပွဲ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထား

၃၀ အောက်တိုဘာ

 

 

ဗြိတိန်နိုင်ငံ ရွေးကောက်ပွဲ ခေါ်ဆိုနိုင်ရေး ဉပဒေကြမ်းတစ်ခုကို လွှတ်တော်အမတ်များက မဲပေးကာ ထောက်ခံကြပြီးနောက် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားသည်။

 

 

ဉရောပသမဂ္ဂမှ ဗြိတိန် အပြီးသတ် နုတ်ထွက်ရေး ဘရက်ဆစ်ကို လအနည်းငယ်အကြာ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ရွှေ့ဆိုင်းခဲ့သည်ဟု သိရသည်။

 

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တင်သွင်းသော ဉပဒေကြမ်းကို အောက်လွှတ်တော်က ၄၃၈ မဲမှ ၂၀ မဲဖြင့် ယမန်နေ့က အတည်ပြုခဲ့သည်။

 

 

ဘရက်ဆစ် နောက်ဆုံးရက်ကို ဉရောပသမဂ္ဂက သဘောတူညီခဲ့ပြီးနောက် အတိုက်အခံပါတီများသည် ရွေးကောက်ပွဲ အဆိုပြုချက်ကို ထောက်ခံရန် ဆုံးဖြတ်ခဲ့ကြသည်။

 

 

ထိုရွေးကောက်ပွဲတွင် အနိုင်ရရှိရန် လူထုထောက်ခံမှုကို ဂျွန်ဆင်၏ ကွန်ဆာဗေးတစ်ပါတီက မျှော်လင့်သည်။ သို့မှသာ ဗြိတိန်သည် ဉရောပသမဂ္ဂမှ မြန်မြန်ထွက်ခွာနိုင်မည် ဖြစ်သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို