ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်(၂) ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

ဖေဖော်ဝါရီ ၂၁

 

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်(၂) ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း ဘက်ကင်ဟမ်နန်းတော်က ယမန်နေ့က ကအတည်ပြုကြေညာခဲ့သည်။

 

ဘုရင်မကြီးသည် အအေးမိခြင်းကဲ့သို့သောလက္ခဏာများခံစားရသော်လည်း လာမည့်သီတင်းပတ်အတွင်း Windsor ၌ပေါ့ပါးသောတာဝန်များကိုဆက်လက်လုပ်ဆောင်သွားမည်ဟုယူဆရကြောင်းနှင့် ဆေးကုသမှု ဆက်လက်ခံယူမည်ဖြစ်ပြီး ကိုဗစ်ဆိုင်ရာလမ်းညွှန်ချက်များကို လိုက်နာမည်ဖြစ်ကြောင်း ထိုနန်းတော်၏ကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။

 

ဘုရင်မကြီး သက်တော် ၉၅ နှစ်ပြည့်ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် ယင်းကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

 

မင်းသားချားလ်စ်  ၂၀၂၀ ခုနှစ်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီးနောက် ယခုလအစောပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယအကြိမ်ကူးစက်ခံရသည်ဟု သိရသည်။ 

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို