ဗြိတိန်လွှတ်တော်ကို အောက်တိုဘာ ၁၄ ရက်နေ့အထိ ရပ်ဆိုင်းဖို့ ဝန်ကြီးချုပ်ဆုံးဖြတ် 

၂၈ သြဂုတ်


ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က လွှတ်တော်ကို စက်တင်ဘာ ၉ ရက်ကနေ အောက်တိုဘာ ၁၄ ရက်နေ့အထိ ရပ်ဆိုင်းဖို့ ဘုရင်မကြီးကို ဒီကနေ့ (ဗုဒ္ဓဟူးနေ့) မှာ အသိပေးပြောကြား လိုက်ပါတယ်။ 


အောက်တိုဘာ ၁၄ ရက်နေ့ဟာ ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန် ထွက်ခွာမယ့် အောက်တိုဘာ ၃၁ ရက်မတိုင်မီ သီတင်းနှစ်ပတ်အလိုဖြစ်ပါတယ်။ ထို့အပြင် အောက်တိုဘာ ၁၄ ရက်နေ့မှာ ဘုရင်မကြီးက တိုင်းပြည်ကို မိန့်ခွန့်ပြောကြားမှာ ဖြစ်ပါတယ်။ 


အခုလို လွှတ်တော်ရပ်ဆိုင်းခြင်းအားဖြင့် ဥရောပသမဂ္ဂ(EU)ကနေ သဘောတူညီချက်မရှိဘဲ ထွက်ခွာမယ်ဆိုရင် လွှတ်တော်အမတ်တွေရဲ့ အနှောက်အယှက်မရှိလုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။ 


အခုချိန်ဟာ နွေရာသီ လွှတ်တော်ပိတ်ရက်ဖြစ်ပြီး လွှတ်တော်အမတ်တွေဟာ စက်တင်ဘာ ၃ ရက်နေ့မှာ လွှတ်တော်ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ 


ဝန်ကြီးချုပ်ရဲ့ အခုလိုလုပ်ဆောင်ချက်ကို အတိုက်ခံပါတီရဲ့ ဒုတိယ ခေါင်းဆောင် တွမ် ဝပ်ဆွန် က အခုလို လုပ်ဆောင်တာဟာ ဒီမိုကရေစီကို ခြိမ်းခြောက်လိုက်တာဖြစ်တယ်။ အဲဒီလို ဖြစ်လို့မရဘူးလို့ ပြောဆိုသလို လစ်ဘရယ်ဒီမိုကရက်ပါတီရဲ့ ပြောခွင့်ရသူကလည်း  ပြည်သူလူထုရဲ့ လွှတ်တော်ကို အခုလိုမျိုး ဝန်ကြီးချုပ်ကနေ ပိတ်လို့မရဘူး။ အခုလိုပြောဆိုတာခြင်းကြောင့် ဘောရစ်အနေ သံလက်သီးပါတဲ့ စစ်ပွဲမျိုးနဲ့ရင်ဆိုင်ရမှာလို့ ပြောဆိုပါတယ်။ 


အလားတူ ဂရင်းပါတီရဲ့ လွှတ်တော်အမတ်ကလည်း ဒါဟာ ဖွဲ့စည်းပုံဆိုင်ရာပဋိပက္ခဖြစ်တယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန်နေသလို ကွန်ဆာဗေးတစ်ပါတီဝင်ဟောင်း လွှတ်တော်အမတ် ဆာရာကလည်း ဘောရစ်က အာဏာရှင်ဆန်တယ်။ ဗြိတိန်နိုင်ငံဟာ ရက်စက်တဲ့ ဝန်ကြီးချုပ်ရဲ့  ခြိမ်းခြောက်မှုအောက်ကို ရောက်နေတယ်လို့ ဆိုပါတယ်။ 

 

ဒီသတင်းထွက်ပေါ်အပြီးမှာ စတာလင်ပေါင်ငွေတန်ဖိုးမှာ ကျဆင်းသွားပါတယ်။

 
MDN
ကိုးကား - AFP