ဗြိတိန်နိုင်ငံ လီစတာမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာသဖြင့် အဝင်အထွက် ကန့်သတ်မှုများ ပြန်လည်ထားရှိ

၃၀ ဇွန်

 

 

ဗြိတိန်အစိုးရသည် လီစတာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုများ မြင့်တက်လာသဖြင့် အဝင်အထွက် ကန့်သတ်ပိတ်ပင်မှုဆိုင်ရာ အစီအမံများ ပြန်လည်ထားရှိခဲ့သည်။

 

 

ပြီးခဲ့သည့် ခုနစ်ရက်အတွင်း လူ ၁၀ဝ၀ဝ၀ တွင် ၁၃၅ ဦး ကူးစက်မှု ဖြစ်ပွားသဖြင့် ဗြိတိန်နိုင်ငံရှိ အခြားသောမြို့များထက် ကူးစက်မှုနှုန်း ပိုမိုမြင့်မားခဲ့သည်ဟု central English city က သတင်းဖော်ပြထားသည်။

 

 

စားစရာနှင့် ဆေးဝါးများ ရောင်းချခြင်း မရှိသော ဆိုင်များကို ဇွန် ၃၀ ရက်မှစတင်ကာ ပိတ်ထားရမည် ဖြစ်ပြီး စာသင်ကျောင်းများကို ကြာသပတေးနေ့မှ စတင်ကာ ပိတ်ထားမည် ဖြစ်သည်။

 

 

အရက်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ ရုပ်ရှင်ရုံများနှင့် အခြားသော အဆောက်အအုံများကို စနေနေ့တွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ယခုချိန်တွင် ပိတ်ထားဆဲဖြစ်သည်။

 

 

သတ်မှတ်ဒေသ တစ်ခုတွင် ယခုကဲ့သို့ ကန့်သတ်ချက်များ ပြန်လည်ထားရှိခြင်းသည် ဗြိတိန်နိုင်ငံတွင် ပထမဆုံးအကြိမ် ဖြစ်သည်။

 

 

ဗြိတိန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၃၀ဝ၀ ကျော်ရှိသဖြင့် အခြား ဉရောပနိုင်ငံများအနက် သေဆုံးမှုပိုများသော နိုင်ငံဖြစ်သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို