ဗြိတိန်နိုင်ငံက ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သောက်ဆေးအမျိုးအစား molnupiravir အား သုံးစွဲရန်အတည်ပြု

လန်ဒန် နိုဝင်ဘာ ၅

 

ဗြိတိန်နိုင်ငံက ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သောက်ဆေးအမျိုးအစားကို နိုင်ငံအတွင်း သုံးစွဲခွင့်အတည်ပြု လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။

 

အဆိုပါ ကာကွယ်ဆေးကို  Merck & Ridgeback Biotherapeutics ဆေးဝါးကုမ္ပဏီတို့က ပူးပေါင်းဖော်စပ် ထုတ်လုပ်ခြင်းဖြစ်သည်။

 

အဆိုပါသောက်ဆေးအမျိုးအစားဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး molnupiravir ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ငါးရက်အကြာတွင် သောက်သုံးနိုင်ကြောင်း ဗြိတိန်နိုင်ငံ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်များ စည်းကမ်းထိန်းသိမ်းရေး အေဂျင်စီက ဆိုသည်။

 

အဆိုပါဆေးကို အသုံးပြုနိုင်ရေးနှင့်ပတ်သက်ပြီး အမေရိကန်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ယခုလအတွင်း ဆွေးနွေးမည်ဖြစ်သည်။

 

molnupiravir ဆေးအလုံးရေ ၄၈၀၀၀၀ ဝယ်ယူရန် ဗြိတိန် အစိုးရက Merck ဆေးဝါးကုမ္ပဏီနှင့် သဘောတူညီထားသည်။

 

ယခုနှစ်မကုန်မီ အဆိုပါဆေးအလုံးရေ ၁၀ သန်းထုတ်လုပ်ရန်နှင့် ၂၀၂၂ ခုနှစ်အတွင်း ဆေးအလုံးရေ သန်း ၂၀ ဖြန့်ချိရန် Merck ဆေးကုမ္ပဏီက စီစဉ်ထားသည်။

 

ကိုးကား - စီအင်န်အေ

ဘာသာပြန် - အောင်ကျော်ကျော်