ဗြိတိန်နိုင်ငံမှ ဝင်ရောက်လာသည့် ခရီးသွားများအား ကန့်သတ်ချက်များ တင်းကြပ်ရန် ဂျပန် စီစဉ်

၂၃ ဒီဇင်ဘာ

 

 

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တစ်မျိုး ပျံ့နှံ့နေမှုကြောင့် ဗြိတိန်မှ ဝင်ရောက်လာသည့် ခရီးသွားများအပေါ် အထူး ကန့်သတ်မှုများ ပိုမိုတင်းကြပ်မည်ဖြစ်ကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့သည်။ 

 

 

အိမ်းနီးချင်းနိုင်ငံ အချို့မှလည်း ဗြိတိန်မှ ခရီးသည်တင် လေယာဉ်များကို ပိတ်ပင်ထားလျက်ရှိသည်။

 

 

ဂျပန်နိုင်ငံမှ အဆိုပါ တိုးမြှင့်သတ်မှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များသည် ကြာသပတေးနေ့တွင် စတင်သက်ရောက်မည်ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ဝင် ဝန်ကြီး ကတ်တို ကတ်ဆူနိုဘိုက သတင်းထောက်များသို့ ယနေ့၌ ပြောကြားခဲ့သည်။

 

 

ယခုအချိန်တွင် ဗြိတိန်နိုင်ငံမှ လူများအား ဝင်ရောက်ခွင့်ပြုမည် မဟုတ်ဟု ကတ်တိုက ပြောကြားခဲ့သည်။

 

 

ဗြိတိန်နိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြန်လာသည့် ဂျပန်နိုင်ငံသားနှင့် ဂျပန်နိုင်ငံသား မဟုတ်သူများသည် ဂျပန်နိုင်ငံသို့ ပြန်လာလျှင် ၁၄ရက်ကြာ သီးခြားခွဲနေထိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ဗြိတိန်နိုင်ငံမှ ပြန်လာသည့် ဂျပန်နိုင်ငံသားများ အနေဖြင့် ၇၂နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ကြောင်း ဆေးစစ်ထားသည့် အဖြေကို ပြသရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ဂျပန်အစိုးရသည် ပြည်သူများ၏ ကျန်းမာရေးနှင့် ဘဝများကို ကာကွယ်ပေးမည်ဖြစ်ကြောင်း ကတ်တိုက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်