ဗြိတိန်နိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ ၄.၁ ရာခိုင်နှုန်း တိုးလာကြောင်း ထုတ်ပြန်

၁၅ စက်တင်ဘာ

 

 

ဗြိတိန်နိုင်ငံမှာ ဇူလိုင်လတွင် အလုပ်လက်မဲ့ ဦးရေ ၄.၁ ရာခိုင်နှုန်း တိုးလာကြောင်း၊ ဒီနေ့(အင်္ဂါနေ့) ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် စီးပွားရေး ထိခိုက်နေအတွက် ပြီးခဲ့တဲ့ ပထမ သုံးလပတ်မှာ အလုပ်လက်မဲ့ ဦးရေဟာ ၃.၉ ရာခိုင်နှုန်း ရှိနေရာနေ ဒုတိယ သုံးလပတ် ဇူလိုင်လကုန်မှာ ၄.၁ ရာခိုင်နှုန်း တိုးလာကြောင်း အမျိုးသား စာရင်းအင်းဌာန (ONS )ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

ဩဂုတ်လ အတွင်းမှာ အလုပ်လက်မဲ့ ထောက်ပံ့ကြေး လျှောက်ထားသူ ၂.၇ သန်း ရှိရာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန်အတွက် ဗြိတိန်မှာ အသွားအလာ ကန့်သတ်ခဲ့တဲ့ မတ်လကစပြီး အလုပ်လက်မဲ့ ဦးရေဟာ ၁၂၁ ရာခိုင်နှုန်း ရှိကြောင်း ONS က ထုတ်ပြန်ထားပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ မတ်လကစပြီး အလုပ်မှ ဖယ်ရှားခံရသူပေါင်း ၆၉၅,၀၀၀ ရှိကြောင်း၊ ဩဂုတ်လမှာ အလုပ်မှ ဖယ်ရှားခံသူ များလာသလို ဇူလိုင်လမှာလည်း အလုပ်ရပ်နားခံသူတွေနဲ့ အလုပ်လက်မဲ့တွေ သိသိသာသာ များခဲ့ကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ပိုးဟာ အလုပ်သမား ကမ္ဘာကို ကြီးကြီးမားမား အကျိုးသက်ရောက်နေကြောင်း ONS ရဲ့ ဒါရိုက် ဒါရန် မော်ဂန်က ပြောပါတယ်။

 

 

လာမယ့်လတွေမှာ ဒီ့ထက်ဆိုးတဲ့ အခြေအနေနဲ့ ကြုံတွေလာနိုင်ကြောင်း၊ အစိုးရရဲ့ ယာယီအလုပ်မှ ဖယ်ရှားခံသူများအား လုပ်အားခ ပေးနေတဲ့ အစီအစဉ်ဟာ အောက်တိုဘာလမှာ ဖြစ်တဲ့အတွက် အခြေအနေတွေ ပိုဆိုးလာနိုင်ကြောင်း ပညာရှင်တွေက သတိပေး ထားပါတယ်။

 

 

အမေရိကန် ကုမ္ပဏီ Domino's Pizza က အလုပ်သမား ၅,၀၀၀ ခေါ်ယူဖို့ စီစဉ်နေကြောင်းနဲ့ Tesco စူပါမားကတ် ကလည်း လုပ်သားပေါင်း ၁၆,၀၀၀ ကို ခေါ်ယူမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

 

 

MDN

ကိုးကား - AFP

mdn