ဗြိတိန်နိုင်ငံမှာ အမေရိကန်ဒေါ်လာ ၁၄၅ သန်းဖိုးရှိ ဘိန်းဖြူ အမြောက်အများ ဖမ်းဆီးရမိ

၄ စက်တင်ဘာ

 

ဗြိတိန်နိုင်ငံမှာ ဘိန်းဖြူအလေးချိန် ၁.၃ တန် နီးပါးကို ဖမ်းဆီးရရှိခဲ့ကြောင်း အမျိုးသားရာဇဝတ်မှုဆိုင်ရာ အေဂျင်စီ (NCA) က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။ 

 

အခုဖမ်းဆီးရရှိတဲ့ပမာဏဟာ ဗြိတိန်နိုင်ငံအတွက် မှတ်တမ်းတင်တဲ့ ပမာဏအနေနဲ့ ဖမ်းဆီးရရှိသလို ဥရောပနိုင်ငံတွေ အတွင်းမှာလည်း အများဆုံးပမာဏအနေနဲ့ ဖမ်းဆီးရရှိတာဖြစ်ကြောင်း သိရပါတယ်။ 

44

 

 

 

အင်္ဂလန်ရဲ့ တောင်ပိုင်းရှိ ဖလစ်စတိုး ဆိပ်ကမ်းမှာ ကျောက်ချတဲ့ အမ်ဗီ ဂျီဘရော့တာ (MV Gibraltar) သသင်္ဘောပေါ်ကို တာဝန်ရှိသူတွေက သြဂုတ်၃၀ ရက်နေ့က ဝင်ရောက်ရှိရာ ဘိန်းဖြူအမြောက်အများပါရှိတဲ့ ကုန်သေတ္တာတွေကို ဗြိတိန်ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အမ်ဗီ ဂျီဘရော့တာ သင်္ဘောဟာ ဘယ်လဂျီယံနိုင်ငံ အန်ထရက်ကို သွားရောက်မှာဖြစ်ပြီး အင်္ဂလန်မှာ ခေတ္တရပ်နားတာဖြစ်ပါတယ်။

 

ဖမ်းဆီးရရှိတဲ့ ဘိန်းဖြူတွေဟာ ဈေးကွက်အတွင်းမှာ အမေရိကန် ဒေါ်လာ ၁၄၅ သန်း တန်ဖိုးရှိတဲ့ ပမာဏဖြစ်ကြောင်း၊ အဲဒီဘိန်းဖြူတွေကို တစ်ကီလိုဂရမ်တုံး တစ်တုံးချင်းစီကို မျက်နှာသုတ်ပဝါ နဲ့ ဖုံးအုပ်ပြီး ထုပ်ထားတာဖြစ်ကြောင်း၊ အဲဒီပစ္စည်းတွေ ရွေ့ပြောင်းရန် ခြောက်နာရီနီးပါး ကြာကြောင်း ဖလစ်စတိုး နယ်စပ်တပ်ဖွဲ့ရဲ့ လက်ထောက်ဒါရိုက်တာ ဂျန်နီ ရှပ်က ပြောပါတယ်။ 

 

အမ်ဗီဂျီဘရော့တာ ပေါ် ကို ကုန်သေတ္တာ အခွံတွေကို ပြန်တင်ပေးပြီး သဘောင်္ကို ဘယ်လဂျီယံနိုင်ငံ အန်ထရက်ကို ခရီးဆက်ခွင့်ပေးလိုက်ကြောင်း သိရပါတယ်။ 

 

အန်ထရက်မြို့ဆိပ်ကမ်းမှာကပ်လာတဲ့ အမ်ဗီ ဂျီဘရော့တာ ပေါ်မှာပါရှိတဲ့ ကုန်သေတ္တာခွံလေးခုကို ဖမ်းဆီးပြီး ရော့တာဒမ်မြို့ကို ပြောင်းရွေ့ထားပြီး ကုန်သေတ္တာတွေရဲ့ လမ်းကြောင်းကို ဘယ်လဂျီယံ နဲ့ ဒတ်ချ် ပြည်ထဲရေးအဖွဲ့အစည်းများက လိုက်လံစစ်ဆေးမှာဖြစ်ပါတယ်။ 

 

MDN
ကိုးကား -AFP