ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅ သိန်းကျော်ရှိပြီ

၅ အောက်တိုဘာ

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေသူ ပေါင်း ၅၀၀,၀၀၀ ကျော် ရှိသွားကြောင်း တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တနင်္ဂနွေနေ့က ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၂,၉၆၁ ဦး ရှိခဲ့တဲ့အတွက် စနေနေ့ကထက် ၁၀,၀၀၀ ကျော် များကြောင်း သိရပါတယ်။

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅၀၂,၉၇၈ ဦးရှိပြီး သေဆုံးသူဟာ ၄၂,၀၀၀ ကျော် ရှိနေပါတယ်။

 

တနင်္ဂနွေနေ့က BBC သတင်းဌာနနဲ့ ဝန်ကြီးချုပ်ဂျွန်ဆင်တို့ အင်တာဗျူးမှာ ရောဂါပိုးကူးစက်မှုကို တိုက်ထုတ်နေရချိန်မှာ ကြမ်းတမ်းတဲ့ ဆောင်းရာသီနဲ့ ရင်ဆိုင်နေရကြောင်း၊ ဒါပေမယ့် ခရစ္စမတ်မှာတော့ အခြေအနေ ကောင်းမယ့်လို့ မျှော်လင့်ချက်ရှိနေကြောင်း ပြောကြားပါတယ်။

 

mdn

 

ကျန်းမာရေးဌာနမှ တာဝန်ရှိတွေက ဗိုင်းရပ်စ်ကာကွယ်ဆေးကို အသက်အရွယ် ကြီးသူတွေနဲ့ ပိုးကူးစက်နိုင်မှုများတဲ့ နေရာတွေမှာ အလုပ်လုပ်နေသူတွေကို ဦးစားပေးထိုးပေးဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

 

အသက် ၅၀ ကျော်သူတွေ၊ ကျန်းမာရေးလုပ်သားတွေနဲ့ စောင့်ရှောက်ရေး ဂေဟာလုပ်သားတွေကို ဦးစားပေး ထိုးပေးမှာဖြစ်ပြီး အသက် ၁၈ နှစ်အောက်တွေကိုတော့ လက်တလောမှာ ကာကွယ်ဆေး ထိုးပေးမယ့် အစီအစဉ်မှာ မပါရှိကြောင်း ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ အကြီးအကဲက သတင်းဌာနတွေကို ပြောပါတယ်။

 

MDN

ကိုးကား- AFP