ဗြိတိန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များလာတဲ့အတွက် စည်းမျဉ်းတွေ တင်းကျပ်လာ

၂၃ စက်တင်ဘာ

 

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များလာတဲ့အတွက် ဘားတွေကို စောစော ပိတ်ခိုင်းလာသလို လူတွေကိုလည်း အလုပ်ကို အိမ်ကနေ လုပ်ရန် အကြံပြုထားပါတယ်။ အခုလို လုပ်ဆောင်ခြင်းဟာ တစ်နိုင်ငံလုံးကို အသွားအလာ ပိတ်ဆို့တားမြစ်ကို ကာကွယ်ရန် ဖြစ်ကြောင်း ပေးပါတယ်။

 

 

ဝန်ကြီးချုပ် ဂျွန်ဆင်က နောက်ဆုံး ပြဋ္ဌာန်းတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ဟန့်တားရန် တင်းကျပ်တဲ့ စည်းမျဉ်းတွေကို မလိုက်နာခဲ့ရင် ဒီထက် တင်းကျပ်တဲ့ စည်းမျဉ်းတွေ လာမယ်လို့ သတိပေး လိုက်ပါတယ်။ အခု ပြဋ္ဌာန်းတဲ့ စည်းမျဉ်းတွေဟာ ခြောက်လလောက်အထိ ကြာနိုင်တယ်လို့လည်း ပြောပါတယ်။

 

 

ပြဋ္ဌာန်းတဲ့ စည်းမျဉ်းတွေကို လိုက်နာခြင်းအားဖြင့် အခုနှစ် ဆောင်းတွင်းကို ရောဂါပိုး ကင်းကင်းနဲ့ ကျော်ဖြတ်သွားနိုင်မှာ ဖြစ်ပါတယ်။ ကိုဗစ်ကို အနိုင်ယူ တိုက်ခိုက်နိုင်တဲ့ နေ့သစ်တွေကို ဦးတည်နေ တယ်ဆိုတာ သံသယ ရှိစရာ မလိုကြောင်း ဝန်ကြီးချုပ် ဂျွန်ဆင်က ထည့်သွင်း ပြောကြားပါတယ်။

 

 

အင်္ဂလန်နဲ့ စကော့တလန်ရှိ ဘားတွေနဲ့ စားသောက်ဆိုင်တွေဟာ ဒေသစံတော်ချိန် ည ၉ နာရီမှာ ပိတ်ရမှာဖြစ်ပြီး  မလိုက်နာခဲ့ရင် ပထမအကြိမ်မှာ စတာလင်ပေါင် ၂၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ လူစုဝေးခွင့်နဲ့ လက်ထပ်မင်္ဂလာပွဲတွေမှာ တက်ရောက်ခွင့်ရတဲ့ ကန့်သတ်လူဦးရေကို ဆက်လက် ကြေညာသွားမယ်လို့ ဆိုပါတယ်။

 

 

စကော့တလန်နဲ့ ဝေးလ်ရှိ ဆေးရုံတွေကို ဧည့်ပတ်ချိန်ကို စောစောပိတ်သွားမယ်လို့ သိရပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ အင်္ဂါနေ့မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၄,၉၂၆ ဦး နဲ့ ပိုးကြောင့် သေဆုံးသူ ၃၇ ဦး ရှိရာ စုစုပေါင်း ပိုးတွေ့ရှိသူ ၄၀၃,၅၅၁ ဦး ရှိကြောင်းနဲ့ သေဆုံးသူ ၄၁,၈၂၅ ဦးရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn