ဗြိတိန်နိုင်ငံမှာ သေဆုံးခဲ့တဲ့ ဗီယက်နမ် ၃၉ ဦးအမှုနဲ့ ပတ်သတ်ပြီး လူ ၈ ဦး ထပ်မံဖမ်းဆီးထား

၄ နိုဝင်ဘာ

ဗြိတိနိုင်ငံကို တရားမဝင်နည်းနဲ့ ဝင်ရောက်ဖို့ ကြိုးစားရာတွင် အအေးခန်းကားအတွင်းမှာ သေဆုံးခဲ့တဲ့ ဗီယက်နမ် ၃၉ ဦး အမှုနဲ့ ပတ်သတ်ပြီး ဗီယက်နမ် ၈ ဦးကို ထပ်မံဖမ်းဆီးထားကြောင်း ဗီယက်နမ်ရဲတပ်ဖွဲ့က ဒီကနေ့ ပြောကြားပါတယ်။ 

 

ေ

 

ဗီယက်နမ်အလယ်ပိုင် နန်အန်ဒေသမှာ လူမှောင်ခိုကူးအတွင်းမှာ ပါဝင်ပတ်သတ်သူလို့ယူဆသူ ၈ ဦးကို ထပ်မံဖမ်းဆီးလိုက်ကြောင်း ဒေသဆိုင်ရာ ရဲမှူးက ပြောပါတယ်။ ပြီးခဲ့သီတင်းပတ်ကလည်း လူကုန်ကူးမှုနဲ့ ပတ်သက်သူလို့ သံသယရှိသူ ၂ ဦးလည်း ဖမ်းဆီးပြီး ဖြစ်ပါတယ်။ 

ဗြိတိန်နိုင်ငံမှာ သေဆုံးသူ ၃၉ ဦးထဲမှာ အမျိုးသမီး ၈ ဦးနဲ့ အမျိုးသား ၃၁ ဦးပါဝင်ပါတယ်။ 

 

ေ

 


MDN
ကိုးကား - AFP