ဗြိတိန်နိုင်ငံမှာ တွေ့ရှိတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ်ဟာ အနည်းဆုံး နိုင်ငံ ၆၀ မှာ တွေ့ရှိနေကြောင်း WHO ထုတ်ပြန်

၂၀ ဇန်နဝါရီ

 

 

ဗြိတိန်နိုင်ငံမှာ တွေ့ရှိတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ်ဟာ အနည်းဆုံး နိုင်ငံ ၆၀ မှာ တွေ့ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ  ထုတ်ပြန် ကြေညာပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်က နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်မှာသာ တွေ့ရှိခဲ့ကြောင်း WHO က ထည့်သွင်းပြောကြားပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၂ သန်းကျော် သေဆုံးနေချိန်မှာ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုး အသစ်ကြောင့် စိုးရိမ်မှုတွေ ကြီးထွားလာနေတာကို တွေ့ရပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ တွေ့ရှိတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ်နဲ့မတူတဲ့ တောင်အာဖရိကမှာ တွေ့ရှိတဲ့ ဗိုင်းရပ်စ်ပိုး အသစ်ဟာလည်း နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ တွေ့နေရပြီလို့ WHO က ပြောပါတယ်။

 

 

ပြီးခဲ့တဲ့ ၇ ရက်အတွင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၄.၇ သန်းရှိပြီး သေဆုံးသူဟာ ၉၃,၀၀၀ ဦး ရှိကြောင်း သိရပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ် (B117) ဒီဇင်ဘာလလယ်မှာ တွေ့ရှိခဲ့ပြီး အဲဒီပိုး အသစ်ဟာ မူလ ပိုးထက် ကူးစက်နှုန်း ၅၀ ကနေ ၇၀ ရာခိုင်နှုန်း ပိုးကူးစက်နိုင်ကြောင်း WHO က ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

 

 

ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ် နှစ်ခုလုံးဟာ ကူးစက်နှုန်းမြန်ပေမယ့် သေဆုံးနှုန်း များမယ်လို့ မထင်ကြောင်း Pfizer/BioNTech ဆေးကုမ္ပဏီက ပြောပြီး သူတို့ထုတ်လုပ်ထားတဲ့ ဆေးဟာ B117 ကို နှိမ်နင်းကြောင်း ဆိုပါတယ်။

 

 

MDN

ကိုးကား - AFP

mdn