ဗြိတိန်နိုင်ငံ၌ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုများကြောင့် ကိုဗစ်ဆိုင်ရာစည်းမျဉ်းများတင်းကျပ်

ဒီဇင်ဘာ ၁၀

 

ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်က အစိုးရအနေဖြင့် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုမြင့်မားလာခြင်းကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်များ တင်းကျပ်ခြင်းကို စတင် လုပ်ဆောင်မည်ဟုဆိုသည်။

 

နိုင်ငံတစ်ဝန်းတွင် ထုဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ ၅၆၈ ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက်တွင် ယင်းအသိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

အစိုးရ၏ကြေညာချက်ဖြစ်သော ပြဇာတ်ရုံများအပါအဝင် အများပြည်သူအများဆုံး သွားလာရာမိုးလုံလေလုံ နေရာများတွင် ပါးစပ်၊ နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်မှုသည် ဒီဇင်ဘာ ၁၀ တွင် အကျုံးဝင်မည် ဖြစ်သည်။

 

နိုက်ကလပ်များနှင့် အခြားလူစုလူဝေးများပြားရာနေရာများသို့ လာရောက်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးကြောင်း လက်မှတ်ပြသရန်လည်း လိုအပ်သည်။

 

ကိုဗစ်ကူးစက်ဖြစ်ပွားပြီးနောက် ပြင်းထန်စွာဖျားနာနေသူများအား ကိုဗစ်ကုသသည့် molnupiravir သောက်ဆေးကိုလည်း စတင်အသုံးနေပြီဖြစ်ကြောင်း အစိုးရက ဒီဇင်ဘာ ၈ ရက်က ကြေညာခဲ့သည်။

 

အဆိုပါသောက်ဆေးကို နေအိမ်မှာပင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာရန် ကြိုးစားနေသည့် လူနာများအားပေးထားပြီး ထိုဆေး၏ထိရောက်မှုကို ထပ်မံလေ့လာရန် ၎င်းတို့ကိုစောင့်ကြည့်ရန် စီစဉ်ထားသည်ဟု အစိုးရဆိုသည်။

 

အမေရိကန်ဆေးဝါးထုတ်လုပ်သူ မတ်ခ်က ထိုသောက်ဆေးကို ထုတ်လုပ်ခဲ့သည်။ ထိုဆေးသည် ဆေးရုံတက် ကုသမှုကိုလျှော့ချနိုင်ပြီး ရောဂါပြင်းထန်နေစဉ် သေဆုံးနိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိလျှော့ချနိုင်သည်ဟု ယင်းဆေးဝါးကုမ္ပဏီကဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို