ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၈၂၆၃ ဦး ထပ်မံတွေ့ရှိ

လန်ဒန် နိုဝင်ဘာ ၁၉

 

ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၈၂၆၃ ဦး ထပ်မံ တွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ပေါင်း ၉၆၇၅၀၅၈ ဦး ရှိလာကြောင်း သိရသည်။

 

သေဆုံးသူပေါင်း ၁၄၃၃၆၀ ရှိ

ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၁ ဦး ထပ်မံသေဆုံး ခဲ့သဖြင့် သေဆုံးသူပေါင်း ၁၄၃၃၆၀ ရှိလာပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတွင် တက်ရောက်ကုသ နေသူပေါင်း ၈၇၀၅ ဦး ရှိကြောင်း သိရသည်။ ဥရောပဒေသ၌ လက်ရှိအချိန်တွင် ကိုဗစ်၁၉ရောဂါကြောင့်သေဆုံးသူအရေအတွက်မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

 

ကမ္ဘာတစ်ဝန်း ပြီးခဲ့သော သီတင်းပတ်အတွင်းက ကိုဗစ်၁၉ ရောဂါကြောင့် သေဆုံးသူ ၅၀၀၀၀ ခန့်ရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဥရောပဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂ ဒသမ ၁ သန်းကျော်ကို ထပ်မံတွေ့ရှိရပြီး ရောဂါပိုးတွေ့ရှိသူအများစုမှာ ဗြိတိန်၊ ဂျာမနီနှင့် ရုရှားနိုင်ငံများ မှဖြစ်ကြောင်း သိရသည်။

 

အပိုဆောင်းထိုးနှံပြီးစီးသူ ၂၃ ရာခိုင်နှုန်း ကျော်ရှိ

ဗြိတိန်နိုင်ငံရှိ အသက် ၁၂ နှစ်နှင့်အထက်ရှိသူ ၈၈ ရာခိုင်နှုန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးစီးခဲ့ပြီး ၈၀ ရာခိုင်နှုန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံပြီးစီးသူ ၂၃ ရာခိုင်နှုန်း ကျော်ရှိကြောင်း သိရသည်။

 

ကမ္ဘာ့နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ရေးအတွက် ဗြိတိန်၊ တရုတ်၊ ဂျာမနီ၊ ရုရှားနှင့် အမေရိကန်နိုင်ငံများသည် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ