ဗြိတိန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၀၀၄ ဦးရှိ

လန်ဒန် နိုဝင်ဘာ ၂၃

 

ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၀၀၄ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း ကူးစက်ခံရသူပေါင်း ၉၈၄၅၄၉၂ ဦးရှိလာကြောင်း ယနေ့သတင်းများအရ သိရသည်။ ။

 

ထို့ပြင် ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၆၁ ဦးထပ်မံတွေ့ရှိခြင်းကြောင့် လက်ရှိတွင် သေဆုံးသူပေါင်း ၁၄၃၉၂၇ ဦးရှိလာကြောင်းနှင့် ဆေးရုံများတွင် ဆေးဝါးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ လူနာ ၈၀၇၉ ဦးရှိကြောင်း သိရသည်။

 

ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့် ၈၈ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။ ။

 

လက်ရှိတွင် ဗြိတိန်နိုင်ငံ၌ အသက်၁၂နှစ်နှင့်အထက်အသက်အရွယ်ရှိသူအားလုံး၏ ၂၆ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်