ဗြိတိန်နိုင်ငံရဲ့ စီးပွားရေး ဇူလိုင်လမှာ ပြန်လည်ကောင်းလာတာကိုတွေ့ရ

၁၂ စက်တင်ဘာ

 

ဗြိတိနိုင်ငံရဲ့ စီးပွားရေးဟာ ဇူလိုင်လအတွင်းမှာ ပြန်လည်ကောင်းမွန်လာပြီး ၆ ဒသမ ၆ ရာခိုင်နှုန်း တဖြည်းဖြည်းတိုးတက်လာကြောင်း၊ ဇွန်လ ကထက် ပြန်လည် တိုးတက်လာကြောင်း သောကြာနေ့မှာ ထုတ်ပြန်တဲ့ စာရင်းဇယားများအရ သိရပါတယ်။

 

နိုင်ငံတွင်းထုတ်ကုန်ဟာ ဇွန်လတွင်း ၈ ဒသမ ၇ ရာခိုင်နှုန်းတိုက်လာပြီး မေလ မှာတော့ ၂ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့ပေမယ့် ဧပြီလမှာတော့ ၂၀ ရာခိုင်နှုန်းရှိကြောင်း နိုင်ငံရဲ့စာရင်းအင်းရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

နိုင်ငံရဲ့ စီးပွားရေးဟာ ကပ်ရောဂါပိုးကြောင့် အသွားအလာကန့်သတ်မှုတွေ မပြဌာန်းခင် အချိန်ကထက် ၁၂ ရာခိုင်နှုန်း နီးပါး နည်းနေကြောင်း သိရပါတယ်။

 

ဇူလိုင်က ဆံပင်အလှပြုပြင်ရေး၊ ဘုံဆိုင် နဲ့ စားသောက်ဆိုင်တွေ ဖွင့်ခွင့်ပေးခဲ့ပြီးနောက် စီးပွားရေးပြန်လည် ကောင်းမွန်လာတယ်လို့ သိရပါတယ်။

 

ကားအရောင်းပြခန်းတွေ ပြန်လည်ဖွင့်ခွင့်ရရှိနေတဲ့အတွက် အရောင်းမှာလည်း ပြန်လည် တိုးတက်လာကြောင်း သိရပါတယ်။

 

ဗြိတိန်နိုင်ငံဟာ မတ်လကုန်ပိုင်းကစပြီး  အသွားအလာကန့်သတ်ပိတ်ဆို့ခဲ့တဲ့ သုံးလအတွင်းမှာ နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုဟာ မှတ်တမ်းတင်ရမယ့်အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။

 

ဗိုင်းရပ်စ်ပိုး ကူစက်မှု များနေတဲ့အတွက် ဗုဒ္ဓဟူးနေ့မှာ လူစုလူဝေး အတွက် ကန့်သတ်မှုတွေ ကို ပြန်လည် လုပ်ဆောင်ခဲ့ပြီး ဘုံဆိုင်တွေနဲ့ တခြားနေရာတွေ မှာ လာရောက်သူတွေရဲ့ ဆက်သွယ်ရမယ့် လိပ်စာယူခြင်းတွေ လုပ်ဆောင်ပါတယ်။

 

ဗြိတိန်နိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၄၁,၅၀၀ ကျော် သေဆုံးခဲ့တဲ့အတွက် ဉရောပမှာ သေဆုံးသူ အများဆုံးနိုင်ငံဖြစ်ပါတယ်။

 

MDN

ကိုးကား-AFP