ဗြိတိန်နိုင်ငံသို့ဆိုက်ရောက်လာသည့် ကာကွယ်ဆေးအပြည့်ထိုးပြီးသူများအား ကိုဗစ်-၁၉ ဆေးစစ်မှုမှ ကင်းလွတ်ခွင့်ပေး

လန်ဒန် ဖေဖော်ဝါရီ ၁

ယခုအခါ ကာကွယ်ဆေးအပြည့် ထိုးပြီးသား ခရီးသွားများသည် ကိုဗစ်-၁၉ ဆေးစစ်မှုလုပ်ဆောင် ခြင်းမပြုဘဲ ဗြိတိန်နိုင်ငံအတွင်း သို့ ဝင်ရောက်ခွင့်ရရှိသွားပြီ ဖြစ်သည်။

ဗြိတိန်နိုင်ငံအတွင်းသို့ဝင် ရောက်လာသည့် ခရီးသွားများ အား ဆေးစစ်မှုကို ဖေဖော်ဝါရီ ၁၁ ရက်မှ စတင်ကာ အဆုံးသတ်လိုက်ပြီဖြစ်သည်။ ခရီးမထွက်ခွာမီ ကြိုတင်ဆေးစစ်မှုကိုလည်း ယခင်လကတည်းက ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။

ဗြိတိန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ရသည့် ခရီးသည်များသည် ကာကွယ်ဆေးထိုးထားမှု အဆင့်အတန်း၊ ခရီးသွားရာဇဝင်နှင့် ထိတွေ့သူများကို သိရှိနိုင်ရန်အတွက် တည်နေရာပြ ဖောင်ဖြည့်သွင်းရမည် ဖြစ်သည်။ ဗြိတိန်နိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုများမှာ ၂၀၀၀၀၀ ကျော် မှ ၇၀၀၀၀ အောက်အထိ ကျဆင်း လာခဲ့သည်။ ရောဂါလက္ခဏာ ပြင်းထန်သည့် လူနာဦးရေမှာလည်း လျော့ကျလာသည်ဟု ဗြိတိန်အစိုးရက ပြောသည်။

ခရီးသွားလာမှု ဆိုင်ရာစည်းကမ်းချက်များ ဖြေလျှော့ ခြင်းအပေါ် ဗြိတိန်ပြည်သူများက ကြိုဆိုကြသည်။ အသက် ၄၀ ဝန်းကျင် အမျိုးသမီးက ယခုလို ဖြေလျှော့ပေးလိုက်ခြင်းအားဖြင့် စီးပွားရေးအတွက်လည်း ကောင်းမွန်ပြီး မကြာမီ ဂရိနိုင်ငံသို့ အလည်အပတ်သွားနိုင်လိမ့်မည် ဟု ပြောသည်။

အသက် ၂၀ ဝန်းကျင် အမျိုး သားတစ်ဦးကလည်း ကပ်ရောဂါ မတိုင်မီကာလ အခြေအနေကို တဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိမည်ကို ကြိုဆိုကြောင်း ပြောသည်။

အင်န်အိတ်ချ်ကေ