ဗြိတိန်နိုင်ငံတွင် ဆေးရုံတက် ကုသသော ကိုဗစ်လူနာများ စံချိန်တင် မြင့်တက်

၁၉ ဇန်နဝါရီ

 

 

ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ  ကျဆင်းလာလင့်ကစား ဆေးရုံများ၌ ဆေးကုသမှုခံယူသည့် ဗိုင်းရပ်စ်လူနာများ စံချိန်တင် မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

 

 

အဆိုပါ ကူးစက်မှုများသည် ဗီဗပြောင်း ကူးစက်မြန် အမျိုးအစားအသစ်တစ်ခုနှင့် ဆက်စပ်မှုရှိသည်ဟု ဆိုသည်။

 

 

နောက်ဆုံး ထုတ်ပြန်သည့် သတင်းများအရ ဗြိတိန်နိုင်ငံတွင် ဆေးရုံတက် ကုသမှုခံယူနေသည့် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာပေါင်း ၃၇၄၇၇၅ ဉီး ရှိသည်ဟု ဆိုသည်။

 

 

စက္ကန့် ၃၀ တိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတစ်ဉီး ဆေးရုံတက်ကုသနေရကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ဗြိတိန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုထဲက မထွက်နိုင်သေးကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။

 

 

ပြည်သူများက အသွားအလာ ကန့်သတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို သေချာလိုက်နာကြရန် ၎င်းက တိုက်တွန်းထားသည်။

 

 

ဗြိတိန်နိုင်ငံ၏ လူပေါင်း လေးသန်းကျော်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး မက်ဟန်ကော့ခ်က ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်