ဗြိတိန်နိုင်ငံတွင် တစ်ရက်တာအတွင်း ဗိုင်းရပ်စ်ကူးစက်မှု  လေးသောင်းကျော်အထိ စံချိန်တင်

၂၉ ဒီဇင်ဘာ

 

 

ဗြိတိန်နိုင်ငံတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့အတွင်း ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၀၀၀၀ ကျော်ထိ ရောက်ရှိခဲ့ပြီး အဆိုပါ အရေအတွက်သည် ကပ်ရောဂါကာလအတွင်း ဗြိတိန်နိုင်ငံတွင် အများဆုံးကူးစက်မှု ဖြစ်သည်။

 

 

ဒီဇင်လာလ ၂၀ ရက်နေ့က လန်ဒန်နှင့် အင်္ဂလန်နိုင်ငံ တောင်ပိုင်းတွင် အစိုးရက ပိုမိုတင်းကျပ်သော ကန့်သတ်ချက်များ တိုးမြှင့်ခဲ့သည်။

 

 

ဗြိတိန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၄၁၃၈၅ ဉီး ရှိခဲ့သည်။

 

 

ဒီဇင်ဘာလလယ်ပိုင်းမှစပြီး ဗြိတိန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ကူးစက်မှုများ လျင်မြန်စွာ ပျံ့နှံ့လျက်ရှိကြောင်း အမျိုးသားစာရင်းအင်းရုံးက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်