ဗြိတိန်ရဲ့ Boots ဆေးဆိုင်မှ ဝန်ထမ်း ၄,၀၀၀ ကျော် အလုပ်မှ လျှော့ချမယ်

လန်ဒန်  ၉  ဇူလိုင်

 

ဗြိတိန်နိုင်ငံက ဆေးဆိုင်ကြီး Boots မှာ ဝန်ထမ်း ၄,၀၀၀ ကျော် ကို အလုပ်မှ လျှော့ချမယ်ဖြစ်ကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန်အတွက် အသွားအလာ ကန့်သတ်လိုက်တဲ့အတွက် လုပ်ငန်းတွေပေါ်မှာ ရိုက်ခတ်မှုရှိကြောင်း၊ အထူးသဖြင့် မျက်စိဆရာဝန်တွေ အပေါ်ထိခိုက်မှုများကြောင်း သိရပါတယ်။

 

အမေရိကန်နိုင်ငံပိုင် Boots ဆေးဆိုင်ဟာ Boots ဌာနချုပ်ရုံးခန်း၊ ဆိုင်ဝန်ထမ်းတွေနဲ့ မျက်စိဆရာဝန် တွေနဲ့ ပတ်သက်သော ဌာနတွေကို ပြန်လည် ဖွဲ့စည်းသွားရန် ရည်ရွယ်တဲ့အတွက် ဝန်ထမ်း ၄,၀၀၀ ကျော်ကို အလုပ်မှ ရပ်ဆိုင်းပြီး Boots ရဲ့ မျက်စိဆေးခန်း ၄၈ ခုကို ပိတ်ထားဖို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပျံ့ပွားချိန်မှ Boots ရဲ့ ရောင်းအားဟာ အွန်လိုင်းကနေ မှာယူခြင်းကို ပိုအသုံးများလာကြောင်း ဗြိတိန်ရှိ Boots ရဲ့ အုပ်ချုပ်ရေးဒါရိုက်တာ က ပြောပါတယ်။

 

Boots ရဲ့ရောင်းအားဟာ ပထမလေးလပတ် သို့မဟုတ် မေလကုန်အထိ သုံးလရဲ့ ရောင်းအားဟာ အမေရိကန်ဒေါ်လာ သန်း ၇၅၀  အထိ ရောင်းအားကျဆင်းခဲ့ကြောင်း Boots ရဲ့ မိခင်အဖွဲ့အစည်း  Walgreens Boots Alliance က ထုတ်ပြန် ကြေညာပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ထိန်းချုပ်ရန်အတွက် ဆိုင်တွေကို ပိတ်ထားခဲ့ပေမယ့် Boots ဆေးကောင်တာ နဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းကောင်တာတွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖွင့်ထားခဲ့ပါတယ်။ ဒါပေမယ့် Boots ရဲ့ ရေမွှေးနဲ့ မိတ်ကပ်ပစ္စည်းရောင်းချတဲ့ ကောင်တာတွေနဲ့ အတူ Boots ရဲ့ မျက်စိ စမ်းသပ်ခန်းတွေပါ ပိတ်ထားခဲ့ကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP