ဗြိတိန်ရွေးကောက်ပွဲအပြီး ဘရက်ဆစ်အတွက် ဂျွန်ဆင် စတင်ပြီ

၁၆ ဒီဇင်ဘာ

ဗြိတိန်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သူ့အစိုးရသစ်ကို ဒီကနေ့ ကြေညာမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၂ရက်ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ဂျွန်ဆင်ရဲ့ ကွန်ဆာဗေးတစ် ပါတီရဲ့ get Brexit done ဘရက်ဆစ်ကို ပြီးပြတ်အောင်လုပ်မယ်ဆိုတဲ့ ကတိပေးမှုကြောင့် အပြတ်အသတ် အနိုင်ရရှိလာခြင်း ဖြစ်ပါတယ်။ 

 

9cc

 

၂၀၁၉ ရွေးကောက်ပွဲရလဒ်ဟာ ၁၉၈၀ ခုနှစ်များဆီက မာဂရက်သက်ချာ လက်ထက်နောက်ပိုင်း  ပထမဦးဆုံးအကြိမ် ကွန်ဆာဗေးတစ်ပါတီဟာ အပြတ်အသတ်အနိုင်ရလာခြင်းဖြစ်ပါတယ်။ 

 

8413

 

ဗြိတိန်ရဲ့ အဓိကအတိုက်အခံပါတီ လေဘာပါတီဟာ ဒုတိယကမ္ဘာစစ် မတိုင်မီကစပြီး ပြီခဲ့တဲ့ ရွေးကောက်ပွဲဟာ အဆုံးရွားဆုံ ရှုံးနိမ့်မှုဖြစ်ပါတယ်။ 

 

560

 

ဝန်ကြီးချုပ်ဂျွန်ဆင်ဟာ အခုဆိုရင် ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံက ထွက်ခွာဖို့ ဇန်နဝါရီ ၃၁ နေ့မှာ အပြီး လုပ်ဆောင်တော့မှာဖြစ်ပါတယ်။ 

မနက်ဖြန် (အင်္ဂါနေ့) မှာ ဘုရင်မကြီးရဲ့ အစိုးရသစ်အတွက်မူဝါတွေကို လွှတ်တော်မှာ ဝန်ကြီးချုပ်က ဖတ်ကြားမှာဖြစ်ပါတယ်။ 

စကော့တလန်အမျိုးသားပါတီ (SNP) ခေါင်းဆောင် နီကိုလတ်စ်စတာဂျင် က ဗြိတိန်ကနေ စကော့တလန် ခွဲထွက်ရေးအတွက် ဆန္ဒခံယူပွဲပြုလုပ်သွားမယ်။ အဲဒီအတွက် စကော့တလန်က လူထုက သူတို့ကို မဲပေးရွေးချယ်ထား တာဖြစ်ကြောင်းပြောပါတယ်။ စကော့တလန် လွှတ်တော်ရဲ့ မဲဆန္ဒနယ် ၅၉ ခုနှာ SNP ပါတီက ၄၈ နေရာ ရွေးချယ်ခံထားရပါတယ်။ 

MDN
ကိုးကား - AFP