ဗြိတိန်ရွေးကောက်ပွဲမှာ ပါတီငယ်တွေဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိလာနိုင်

၉ ဒီဇင်ဘာ

 

ဒီဇင်ဘာ ၁၂ ရက် ကြာသပတေးနေ့မှာ ကျင်းပမယ့် ဗြိတိန်နိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သာ အပြတ်အသတ်အနိုင်မရခဲ့ရင် မဟာမိတ်ဖွဲ့ရန် ပါတီငယ်တွေရဲ့ အခန်းကဏ္ဍက အရေးပါလာနိုင်ကြောင်း သိရပါတယ်။ အဲဒီပါတီငယ်တွေကတော့

 

လစ်ဘရယ်ဒီမိုကရက်ပါတီ

 

ပါတီခေါင်းဆောင် ဂျိုဆွမ်းဆင် ဟာ ဘရက်ဇစ်ကို ပယ်ဖျက်ပြီး ဥရောပသမဂ္ဂအတွင်းမှာ နေမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီး ဘရက်ဇစ်လိုလားတဲ့ ကွန်ဆာဗေးတစ်ပါတီ နဲ့ ဆုံးဖြတ်ချက် မပြတ်သေးတဲ့ လေဘာပါတီတွေကို ဆန့်ကျင်သူဖြစ်တယ်။

 

အသက် ၃၉ အရွယ် ဦးဆောင်တဲ့ လစ်ဘရယ်ဒီမိုကရက်ပါတီဟာ မေလက ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂ ရွေးကောက်ပွဲမှာ ဒုတိယအများဆုံး မဲနိုင်တဲ့ ပါတီဖြစ်ပါတယ်။ အီးယူလိုလားတဲ့ ကွန်ဆာဗေးတစ် ပါတီဝင် လွှတ်တော်အမတ်တွေ ပါတီကို ပြောင်းရွှေွ့လာပြီးနောက် ပါတီရာထူးအပြောင်းလဲတွေကြောင့် ပါတီတွင်း သဘောထား ကွဲလဲမှုတွေကိုလည်း တွေ့လာရပါတယ်။

 

မဲရလဒ်ခန့်မှုတွေမှာ လစ်ဘရယ်ဒီမိုကရက်ပါတီဟာ လွတ်တော်ကိုယ်စားလှယ် ၂၁ နေရာလောက် ဆုံးရှုံးနိုင်ကြောင်း ပြောပါတယ်။ ဘရက်ဇစ်ကို ပယ်ဖျက်မယ်လို့ ပါတီက ကတိပေးပြောဆိုခြင်းဟာ ဒီမိုကရေစီမဆန်ဘူးဆိုပြီး ဥရောသမဂ္ဂလိုလားသူတွေကတော့ လက်မခံခြင်းတာဖြစ်နေပါတယ်။

 

ဒီမိုကရက်တစ် ယူနီယံနစ်ပါတီ DUP (Democratic Unionist Party)

 

ကွန်ဆာဗေးတစ်ပါတီဝင်တွေဟာ အုပ်ချုပ်ရန်အတွက် မြောက်အိုင်ယာလန်ပါတီ DUPကို အတင်းအကျပ် ပူပေါင်း ခိုင်းပါတယ်။ ၂၀၁၇ မတိုင်မီက DUP ဟာ အင်အားမကောင်းခဲ့တာကို တွေ့ရပါတယ်။ ပါတီဟာ ဝန်ကြီးချုပ်ဟောင်း ထရီဇာမေနဲ့ အီးယူရဲ့ ညှိနှိုင်းမှုကို မထောက်ခံခဲ့ပေမယ့် ဂျွန်ဆင်ရဲ့ ညှိနှိုင်းမှုကတော့ မြောက်အိုင်ယာနဲ့ ဗြိတိန်ကြားနယ်စပ်အတွက် အကောင်းအဆုံး ဖြစ်တယ်လို့ ထင်ကြေးပေးထားပါတယ်။ တစ်ချိန်တည်းမှာ အိုင်ယာလန်ညီညွှတ်ရေး အရှိန်အဟုန်ကို တုန့်ဆိုင်းသွားမှာကို စိုးရိမ်နေပါတယ်။

 

မြောက်အိုင်ယာရဲ့ အဓိက ပါတီဖြစ်တဲ့ DUP ကို အသက် ၄၉ နှစ်အရွယ် အာလီးန် ဖော့စ်တာက ဦဆောင်နေတာ ဖြစ်ပါတယ်။ ဖော့စတာရဲ့ ဖခင်ဟာ ရဲသားတစ်ဦးဖြစ်ပြီး အိုင်အာအေနဲ့ အပစ်အခတ်မှာ ဒဏ်ရာရရှိခဲ့သူဖြစ်ပါတယ်။

 

SNP ပါတီ

 

စကော့လန်အမျိုးသားပါတီ SNP ပါတီဟာ ဗြိတန်ကနေ စကော့လန်ခွဲထွက်မှုကို လိုလားသူဖြစ်ပြီး ၂၀၁၆ ခုနှစ် ဘရက်ဇစ်ဆန္ဒခံယူပွဲမှာ အီးယူအတွင်းမှာ ဆက်လက်ရှိနေကြောင်း ၁၀ ဦးမှာ ၆ ဦးက အလိုရှိနေပါတယ်။ အသက် ၄၉ နှစ်အရွယ် သွက်လက်ထက်မြက်တဲ့ စကော့တလန်ဝန်ကြီးချုပ်နီကိုလာ စတာဂျင် ဦးဆောင်မှု အောက်ဟာ “ဘရက်ဇစ်ရပ်လိုက်ပါ” ဆိုတဲ့ကြွေးကြော်သံနဲ့ မဲဆွယ်စည်းရုံးရေး လုပ်ဆောင် နေပါတယ်။

 

ပါတီဟာသီအိုရီအရ လေဘာပါတီနဲ့ နီးစပ်နေတာကို တွေ့ရပါတယ်။ ပထမအကြိမ် ၂၀၁၄ မှာ ဗြိတိန်ကနေ ခွဲထွက်ရေးဆန္ဒခံယူပွဲမှာ ရှုံးနိမ့်ခဲ့ပြီး  ဒုတိယအကြိမ်အဖြစ် ၂၀၂၀ မှာ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

 

ဘရက်ဇစ်ပါတီ

 

ဥရောပကနေ ခွဲထွက်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ ဘရက်ဇစ်ပါတီဟာ ပါတီအသစ် တစ်ခုဖြစ်ပြီး ဦးဆောင်သူ နိုက်ဂျယ် ဖရာ့ချ်ဖြစ်ပါတယ်။ အသက် ၅၅ နှစ်အရွယ် ဖရာ့ချ်ရဲ့ ပါတီဟာ ပြီးခဲ့တဲ့မေလက ကျင်းပခဲ့တဲ့ ဥရောပပါလီမန်ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရတဲ့ ပါတီဖြစ်ပါတယ်။

 

အမေရိကန်သမ္မတက ဖရာ့ချ်ကို အင်မတန် နှစ်ခြိုက်သူဖြစ်ပါတယ်။ ဘရက်ဇစ် ကို လိုလားသူတွေရဲ့ မဲမကွဲစေချင်တဲ့အတွက် ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်အများအပြား ယှဉ်ပြိုင်မှုကနေ နှုတ်နေသလို ဥရောပသမဂ္ဂရဲ့ လွှတ်တော်အမတ် လေးဦးကလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပါတီကနေ နှုတ်ထွက်ပြီး ကွန်ဆာဗေးတစ်ပါတီဝင် လိုက်တာကိုလည်း တွေ့ရပါတယ်။

 

MDN

AFP